Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ အီကြာကွေးအဆာသွတ်အကြွပ်ကြော်

Unicode >>>>>

 

အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ အီကြာကွေးအဆာသွတ်အကြွပ်ကြော်


အိမ်တွင် အားလပ်ချိန် မနက်စာအတွက် အစားဆန်းဆန်းလေးစားချင်သူများအတွက် အီကြာကွေးအဆာသွပ်အကြွပ်ကြော် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


Fresh Milk နွားနို့လုပ်ငန်းများ (၂၃) ခုကိုရှာရန်နှိပ်ပါ။


ပါဝင်ပစ္စည်းများကတော့ အီကြာကွေး၊ ကြက်သားစဉ်းကော၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သားမှုန့်၊ ကြက်သွန်မြိတ်၊ ဆား၊ ပဲငံပြာရည်အနောက်၊ ငရုတ်ကောင်းမှုန့်၊ အကြော်မှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ကြက်သွန်ဖြူကို အခွံနွှာပြီး ဓားပြားရိုက်ထားပါ။ ပြီးလျှင် ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ပြီးနောက် ကြက်သွန်မြိတ်ကိုလည်း ရေဆေးပြီး လှီးဖြတ်ထားပါ။


 
ပြီးရင်တော့ ဒယ်အိုးကို မီးဖိုပေါ်တင် ဆီထည့်ပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသတ်ပေးပါ။ အနံ့မွှေးလာလျှင် ကြက်သားစဉ်းကောထည့်လိုက်ပါ။


 
မီးကို လျှော့ထားပါ။  အသားကျက်သည်အထိ ဆီသတ်ပေးပါ။  အရသာအတွက် အသားမှုန့်၊ ဆား၊ ငရုတ်ကောင်း၊ ပဲငံပြာရည်အနောက်ထည့်ပြီး မွှေပေးထားပါ။


ပြီးရင် ကြက်သွန်မြိတ်ထည့်လိုက်ပါ။ ရပြီဆိုရင် မီးဖိုပေါ်မှချလိုက်ပါ။ ပြီးနောက် ပန်းကန်ထဲသို့ထည့်၍ အအေးခံလိုက်ပါ။


ပြီးနောက် အကြော်မှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ရေအနည်းငယ်ထည့်ပြီး ဖျော်ပေးပါ။ မပျစ်မကြဲလေးဖြစ်အောင် ဖျော်ပေးထားပါ။


မုန့်နှစ်ရပြီဆိုလျှင် အီကြာကွေးကို အနေတော်ညှပ်ထားပါ။ ပြီးနောက် အဆာသွတ်ဖို့အတွက် ဘေးကနေ ကတ်ကြေးဖြင့် ညှပ်ပါ။


ပြီးလျှင် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် အီကြာကွေးခွဲထားတဲ့အထဲကို ကြက်သားကို အဆာသွတ်လိုက်ပါ။


Read More >>>>      ပြည်တွင်းစားသုံးမှုအတွက် စားဖိုးဆောင်သီးနှံများ ပိုလျှံသည့်အခြေအနေတွင်ရှိ


ကြော်မယ်ဆိုလျှင် မုန့်နှစ်ထဲစိမ်ပြီးမှ ဒယ်အိုးထဲသို့ အီကြာကွေးကို ထည့်ကြော်လိုက်ပါ။


နီညိုရောင်သန်းပြီဆိုရင်တော့ ဆယ်ထားပါ။ ပြီးတော့မှ အပေါ်မှ ကြက်သွန်မြိတ်လေးကို ဖြူးပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

 

#MFID

 

Home Page Food

 

COVID 19

 

Zawgyi >>>>>

 

အိမ္တြင္ လြယ္လင့္တကူ ျပဳလုပ္ႏိုင္တဲ့ အီၾကာေကြးအဆာသြတ္အၾကြပ္ေၾကာ္

 

အိမ္တြင္ အားလပ္ခ်ိန္ မနက္စာအတြက္ အစားဆန္းဆန္းေလးစားခ်င္သူမ်ားအတြက္ အီၾကာေကြးအဆာသြပ္အၾကြပ္ေၾကာ္ ျပဳလုပ္နည္းေလးကို ေဖာ္ျပေပးလုိက္ပါတယ္။

 

Fresh Milk ႏြားႏို႔လုပ္ငန္းမ်ား (၂၃) ခုကိုရွာရန္ႏွိပ္ပါ။

 

ပါဝင္ပစၥည္းမ်ားကေတာ့ အီၾကာေကြး၊ ၾကက္သားစဥ္းေကာ၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ၾကက္သားမႈန္႕၊ ၾကက္သြန္ၿမိတ္၊ ဆား၊ ပဲငံျပာရည္အေနာက္၊ င႐ုတ္ေကာင္းမႈန္႕၊ အေၾကာ္မႈန္႕၊ ဆီ တို႕ လိုအပ္ပါမယ္။

 

ပထမဦးဆံုး ၾကက္သြန္ျဖဴကို အခြံႏႊာၿပီး ဓားျပား႐ိုက္ထားပါ။ ၿပီးလွ်င္ ၾကက္သြန္နီကို ပါးပါးလွီးထားပါ။ ၿပီးေနာက္ ၾကက္သြန္ၿမိတ္ကိုလည္း ေရေဆးၿပီး လွီးျဖတ္ထားပါ။


 
ၿပီးရင္ေတာ့ ဒယ္အိုးကို မီးဖိုေပၚတင္ ဆီထည့္ပါ။ ဆီပူလာလွ်င္ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီကို ဆီသတ္ေပးပါ။ အနံ႕ေမႊးလာလွ်င္ ၾကက္သားစဥ္းေကာထည့္လိုက္ပါ။


 
မီးကို ေလွ်ာ့ထားပါ။  အသားက်က္သည္အထိ ဆီသတ္ေပးပါ။  အရသာအတြက္ အသားမႈန္႕၊ ဆား၊ င႐ုတ္ေကာင္း၊ ပဲငံျပာရည္အေနာက္ထည့္ၿပီး ေမႊေပးထားပါ။

 

ၿပီးရင္ ၾကက္သြန္ၿမိတ္ထည့္လိုက္ပါ။ ရၿပီဆိုရင္ မီးဖိုေပၚမွခ်လိုက္ပါ။ ၿပီးေနာက္ ပန္းကန္ထဲသို႕ထည့္၍ အေအးခံလိုက္ပါ။

 

ၿပီးေနာက္ အေၾကာ္မႈန္႕၊ ဆား၊ င႐ုတ္ေကာင္းမႈန္႕၊ ေရအနည္းငယ္ထည့္ၿပီး ေဖ်ာ္ေပးပါ။ မပ်စ္မႀကဲေလးျဖစ္ေအာင္ ေဖ်ာ္ေပးထားပါ။

 

မုန္႕ႏွစ္ရၿပီဆုိလွ်င္ အီၾကာေကြးကို အေနေတာ္ညွပ္ထားပါ။ ၿပီးေနာက္ အဆာသြတ္ဖုိ႕အတြက္ ေဘးကေန ကတ္ေၾကးျဖင့္ ညွပ္ပါ။

 

ၿပီးလွ်င္ ဒယ္အိုးထဲဆီထည့္ ဆီပူလာလွ်င္ အီၾကာေကြးခြဲထားတဲ့အထဲကို ၾကက္သားကို အဆာသြတ္လိုက္ပါ။

 

Read More >>>>      ျပည္တြင္းစားသံုးမႈအတြက္ စားဖိုးေဆာင္သီးႏွံမ်ား ပိုလွ်ံသည့္အေျခအေနတြင္ရွိ

 

ေၾကာ္မယ္ဆုိလွ်င္ မုန္႕ႏွစ္ထဲစိမ္ၿပီးမွ ဒယ္အိုးထဲသို႕ အီၾကာေကြးကို ထည့္ေၾကာ္လိုက္ပါ။

 

နီညိဳေရာင္သန္းၿပီဆုိရင္ေတာ့ ဆယ္ထားပါ။ ၿပီးေတာ့မွ အေပၚမွ ၾကက္သြန္ၿမိတ္ေလးကို ျဖဴးၿပီး တည္ခင္းသံုးေဆာင္ႏိုင္ပါၿပီ။

 


#MFID

Read times Last modified on Thursday, 02 April 2020 15:39
Rate this item
(0 votes)