Chinese



စင်ကာပူသို့ တရုတ်စားသောက်ကုန် ၁၈၀ ကီလို တင်သွင်းသဖြင့် ဒဏ်ငွေ ၁၅,၀၀၀ ချမှတ်

စင်ကာပူသို့ တရုတ်စားသောက်ကုန် ၁၈၀ ကီလို တင်သွင်းသဖြင့် ဒဏ်ငွေ ၁၅,၀၀၀ ချမှတ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

စင်ကာပူနိုင်ငံသားတစ်ဦးသည် တရုတ်နိုင်ငံမှ အသားနှင့် စားသောက်ကုန်များကို ကွန်တိန်နာဖြင့် တရားမဝင် တင်သွင်းခဲ့ရာ ဖမ်းဆီးခံရပြီး ဩဂုတ်လ ၁၀ ရက်တွင် ဒဏ်ငွေ စင်ဒေါ်လာ ၁၅,၀၀၀ ချမှတ်ခံရသည်။

 

၎င်းအမှုကို Singapore Food Agency (SFA) နှင့် Immigration and Checkpoints Authority (ICA) တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

 

စင်ကာပူနိုင်ငံသား အသက် ၅၁ နှစ်အရွယ် Man Wee Kong သည် တရားဝင် SFA လိုင်စင် မကိုင်ထားကြောင်း SFA မှ ပြောကြားခဲ့သည်။

 

လွန်ခဲ့သည့် ၂ နှစ် ၂၀၂၁ ခုနှစ် ဩဂုတ်လဆန်းပိုင်းတွင်  Pasir Panjang Scanning Station ရှိ ICA အရာရှိများသည် ပစ္စည်းမျိုးစုံပါဝင်သည်ဟု ကြေညာထားသော ကွန်တိန်နာတစ်ခု၏ စကင်ဖတ်ပုံသည့် ပုံများတွင် ကွဲလွဲချက်များကို မသင်္ကာဖွယ်ရာ တွေ့ရှိခဲ့သည်။

သို့ဖြစ်ရာ ကွန်နိန်နာကို ဖွင့်ပြီး မျက်မြင်စစ်ဆေးခဲ့ကြသည်။ အသားနှင့် ပင်လယ်စာ ထုတ်ကုန်များ တွေ့ရှိခဲ့ပြီး သွင်းကုန်ပါမစ် မရှိဘဲ တရုတ်ပြည်မှ တင်သွင်းခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ သို့ဖြစ်ရာ SFA က အမှုဖွင့်ပြီး စုံစမ်းခဲ့သည်။ 

တပတ်ခန့်အကြာတွင် စားသောက်ကုန်များ ထားရှိသည့် သိုလှောင်ရုံကို သိရှိခဲ့ပြီး ဝင်ရောက်စစ်ဆေးခဲ့ရာ လိုင်စင်မရှိသူက ပါမစ်မရှိဘဲ တင်သွင်းထားသည့် အသားနှင့် ပင်လယ်စာ ထုတ်ကုန်များ ထပ်မံတွေ့ရှိခဲ့သည်။

ဖမ်းဆီးရမိသည့် ပမာဏ စုစုပေါင်းသည် ကီလိုဂရမ် ၁၈၀ ကျော် ရှိသည်။

 

ယခုလို စားသောက်ကုန်များ တရားမဝင် တင်သွင်းခြင်းသည် စားသုံးသူများအတွက် အန္တရာယ် ရှိသည်ဟု SFA က ပြောကြားသည်။

 

“စားသောက်ကုန်တွေကို လိုင်စင်ရ တင်သွင်းသူတွေသာ တင်သွင်းခွင့် ရှိပါတယ်။ သွင်းလာတဲ့ အကြိမ်တိုင်း ကြေညာရပါမယ်။ သွင်းကုန်ပါမစ်လည်း ရှိရပါမယ်" ဟု SFA က ပြောကြားသည်။

 

အသားငါး ထုတ်ကုန်များ တရားမဝင် တင်သွင်းသည့်အမှု ကျူးလွန်သူ၊ ၎င်းပစ္စည်းများကို ရောင်းချရန် ရည်ရွယ်ချက်ဖြင့် လက်ဝယ်ထားရှိသူကို ဒဏ်ငွေ စင်ဒေါ်လာ ၅ သောင်းအထိ၊ ထောင်ဒဏ် ၂နှစ်အထိ၊ သို့မဟုတ် ၎င်းဒဏ်ငွေနှင့် ထောင်ဒဏ် ၂ ရပ်စလုံး အပြစ်ပေးနိုင်သည်။

ထပ်မံကျူးလွန်သူ ဖြစ်ပါက ဒဏ်ငွေ စင်ဒေါ်လာ ၁ သိန်းအထိ၊ ထောင်ဒဏ် ၃ နှစ်အထိ၊ သို့မဟုတ် ၎င်းဒဏ်ငွေနှင့် ထောင်ဒဏ် ၂ ရပ်စလုံး အပြစ်ပေးနိုင်သည်။

 

Source straitstimes 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Friday, 11 August 2023 20:00
Rate this item
(0 votes)