Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်စတိုင်လ် ကိုက်လန်ခရုဆီ

တရုတ်စတိုင်လ် ကိုက်လန်ခရုဆီဆိုရင် ဆိုင်တိုင်းမှာလည်းရနိုင်သလို လူကြိုက်များတဲ့အရွက်ကြော်လည်း

ဖြစ်ပါတယ်။ အရသာ အနည်းငယ် ခါးသက်သက်ရှိပြီး လွယ်ကူတဲ့ ကိုက်လန်ခရုဆီ ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကိုက်လန်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအခြောက်တောင့်၊ ကြက်သွန်ကြော်၊ ပဲငံပြာရည်အကြည်၊ ခရုဆီ၊ နှမ်းဆီမွှေး၊ သကြား၊ ဟင်းခတ်မှုန့်၊ ဆီ တို့ ပါဝင်ပါမယ်။

 

ပထမဆုံး ကိုက်လန်နုနုကို လိုအပ်သလို လှီးဖြတ်ပြီး ဆားရေကို မိနစ်အနည်းငယ် စိမ်ထားပါ။ ပြီးလျှင်တော့ ရေဆေးပြီး ရေစစ်ထားပေးပါ။

 

ပြီးနောက် ပန်းကန်တစ်ခုတွင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ကို တပြားရိုက်ထားပါ။ ပဲငံပြာရည်၊ ခရုဆီ၊ သကြား၊ ဟင်းခတ်မှုန့်၊ ဆီတို့ကို ထည့်လိုက်ပါ။

 

အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် အိုးထဲကို ဆီထည့်ပြီး အပူပေးလိုက်ပါ။

 

ဆီပူလာလျှင် ရေစစ်ထားသော ကိုက်လန်နှင့်အတူ ရောစပ်ထားသော ဆက်စပ်ပစ္စည်းတို့ကို ထည့်ပြီး ကြော်ပေးပါ။

 

ပြီးရင်တော့ ကြက်ပြုတ်ရည် သို့မဟုတ် ရေအနည်းငယ်ထည့်ပြီး မွှေပေးကာ အရသာအပေါ့အငန်မြည်းပြီး ပန်းကန်တွင်ထည့်ကာ ကြက်သွန်ကြော်လေးကို အပေါ်မှဖြူးပြီး လျှင်တော့ အရသာရှိတဲ့ တရုတ်စတိုင် ကိုက်လန်ခရုဆီကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:49
Rate this item
(1 Vote)