Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese စတိုင် ဘဲကင်နှင့် ခေါက်ဆွဲပြုတ်

ဘဲကင်ကြိုက်နှစ်သက်သူများအတွက် အဆင်ပြေစေမည့်အပြင် အိမ်တွင်လည်း ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ ဘဲကင်နှင့်ခေါက်ဆွဲပြုတ် ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ဘဲကင်ဖို့အတွက် ပါဝင်ပစ္စည်းများကတော့ ဘဲသား၊ တရုတ်မဆလာ၊ နှမ်းဆီ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ သကြား ပါဝင်ပြီး ခေါက်ဆွဲပြုတ်ဖို့အတွက် ကြက်ပြုတ်ရည်၊ ကြက်ဥခေါက်ဆွဲ၊ မှိုပွင့်ခြောက်၊ တရုတ်မုန်ညှင်းစိမ်း၊ ပဲပင်ပေါက်၊ နံနံပင်၊ ဆန်ဝိုင်၊ ပဲငံပြာရည်အကြည်၊ ရှာလကာရည်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့် တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ဘဲသားကို ရေဆေးသန့်စင်ပြီး ဇလုံတစ်ခုထည့်ကာ တရုတ်မဆလာ၊ နှမ်းဆီ၊ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်၊ သကြားအနည်းငယ် တို့ထည့်၍ သမအောင် ရောနုယ်လိုက်ပါ။


ပြီးလျှင် ရေခဲသေတ္တာ အောက်ထပ် ထဲထည့်ပြီး၊ အနည်းဆုံး တစ်ညခန့် နှပ်ထားပါ။


ပြီးနောက် Oven ၂၀၀ ဒီဂရီ ဖြင့် မိနစ် ၃၀ခန့် ကင်ပေးပါ။


ဘဲကင် ကျက်ပြီဆိုရင်တော့ ဘဲကင်ကို ဓားဖြင့် အစောင်း ပါးပါးလှီးပေးထားပါ။


ဘဲကင်ရပြီဆိုလျှင် ခေါက်ဆွဲပြုတ်ဖို့အတွက် ဒယ်အိုးတစ်ခုထဲ ရေထည့်ပြီး ရေဆူအောင် တည်ထားပါ။


ရေဆူလာလျှင် ပဲငံပြာရည်၊ ဆန်ဝိုင်၊ ဆန်ဗီနီကာ၊ ဆား၊ ကြက်သားမှုန့်တို့ကို ထည့်ပြီး မိနစ်အနည်းငယ် တည်ထားပေးပါ။


ပြီးတော့မှ  မှိုပွင့်၊ ပဲပင်ပေါက်၊ မုန့်ညှင်းစိမ်းတို့ကို ထည့်ပြီး မိနစ်အနည်းငယ်တည်ပေးထားပါ။


အရသာ အနေတော်လျှင် ပြုတ်ထားတဲ့ခေါက်ဆွဲပြုတ်ထဲကို ငရုတ်ကောင်းမှုန့်ဖြူးပြီး မီးပိတ်လိုက်ပါ။


ပြီးလျှင် ခေါက်ဆွဲ ပြုတ်ပြီသား ခေါက်ဆွဲကို ပန်းကန်လုံးတစ်ခုထဲထည့်ပြီး အပေါ်မှ ခေါက်ဆွဲပြုတ်ရည်၊ ပဲပင်ပေါက်၊ မှို၊ မုန့်ညှင်းစိမ်းတို့ကို လောင်းထည့်လိုက်ပါ။


နောက်ဆုံး အပေါ်ယံတွင် ဘဲကင်များကို တင်ပြီး အရသာရှိသော ဘဲကင်နှင့် ခေါက်ဆွဲပြုတ်ပူပူလေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 21 January 2019 15:07
Rate this item
(1 Vote)