Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


စင်္ကာပူစတိုင်ကြက်ဆီထမင်း၊ မုန့်​ဟင်းခါး​အပြင် စားစရာမျိုးစုံရတဲ့ Hainan Food House

Hainan Food House ဆိုင်ကတော့ အမှတ်​ (၃၅၃)၊ ပြည်​သာယာလမ်းမကြီး၊ သင်္ဃန်းကျွန်းမြို့နယ်​၊


အ.ထ.က(၂)​ကျောင်း​ရှေ့တွင်​ တည်ရှိပါတယ်။

 

ဆိုင်တွင် သန့်​ပြန့်​တဲ့ နေရာထိုင်​ခင်း၊ ကားရပ်​နားရန်​လွယ်​ကူတဲ့ ​နေရာတွင် ဆိုင်ကို ဖွင့်​လှစ်​ထားပါတယ်။

 

နံနက်ပိုင်းတွင် အရည်ပျစ်ပျစ်နဲ့ မုန့်ဟင်းခါးမကြိုက်သူတွေအတွက် အရည်ကျဲမုန့်ဟင်းခါးကို ဆကာကြီး ပဲ​ကျော်​စစ်​စစ်ကို အသုံးပြု၍ ဈေးနှုန်းသင့်တင့်မျှတစွာဖြင့်​​ ရောင်းချ​ပါတယ်။

 

မုန့်ဟင်းခါးအပြင် နာမည်​​ကျော်​ CREMO THAI ​ရေခဲမုန့်​ပါ ရရှိပြီး စင်္ကာပူစတိုင် ချက်ပြုတ်ထားတဲ့ ကြက်ဆီထမင်း၊ တရုတ်အစားအစာပါ တွဲဖက်ရောင်းချပါတယ်။

 

ဆိုင်ကတော့ ကြက်ဆီထမင်းကို အဓိကထားရောင်းချပြီး ကြက်ဆီထမင်းနဲ့ တွဲစားရတဲ့ ကြက်သားကို နှစ်မျိုး ပြုလုပ်ထားပါတယ်။

 

ကြက်ဆီထမင်းကို ကြက်သားပြုတ်နဲ့ စားလို့ရသလို ကြက်ကင်နဲ့လည်း စားလို့ပါတယ်။

 

ဆိုင်၏ စားသောက်ဈေးနှုန်းအနေနဲ့ကတော့ ၂၅၀၀ ကျပ်မှ ၅၀၀၀ ကျပ် အထိ ဈေးနှုန်းရှိပါတယ်။ ဆိုင်နေရာ ကျယ်ဝန်းတဲ့အတွက်ကြောင့် ဆိုင်တွင် မွေးနေ့ပွဲများ၊ ကုမဏီ မိတ်ဆုံစားပွဲများနှင့် ညစာစားပွဲများကို ကျင်းပနိုင်ပါတယ်။

 

အမှတ် ၃၅၃၊ ပြည်သာယာလမ်း၊ ၁၆/၃ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

 

၀၉-၇၃၀၈၆၄၉၄

Read times Last modified on Tuesday, 18 September 2018 15:56
Rate this item
(1 Vote)