Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese Style ဆီတို့ဟူးကြက်သားကြော်

ဆီတို့ဟူးကြက်သားကြော်လေးကို ဆိုင်တွင်သွားရောက်စားသောက်စရာမလိုဘဲ အိမ်တွင်

လုပ်စားချင်သူများအတွက် အဆင်ပြေအောင် လွယ်လင့်တကူ ပြုလုပ်လို့ရအောင် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ ကြက်ဥ၊ ဆီတို့ဟူးအနီ၊ တရုတ်နှမ်းဆီမွှေး၊ ပြောင်းဖူးမှုန့်၊ ကြက်သားမှုန့်၊ ဆား၊ တရုတ်ဆန်အရက်၊ ငရုတ်ကောင်းမှုန့်အဖြူ၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီးလျှင် အနေတော်အရွယ် အတုံးကလေးများဖြစ်အောင် တုံးထားပါ။

 

ပြီးလျှင် ကြက်သားကို ဆီတို့ဟူးအနီ၊ တရုတ်ဆန်အရက်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီမွှေး၊ ကြက်သားမှုန့်၊ ဆား။ ပြောင်းဖူးမှုန့်နှင့် ကြက်ဥဖောက်ထည့်ပြီး ရောမွှေပေးထားပါ။

 

ပြီးနောက် ကြက်သားကို အနည်းဆုံး လေးနာရီကြာအောင် နှပ်ထားပေးပါ။

 

ပြီးရင်တော့ ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် ကြက်သားကို ထည့်ကြော်လိုက်ပါ။

 

ကြက်သားကို ကျက်အောင် ဟိုဘက်ဒီဘက် လှန်ပေးပါ။

 

ကြက်သား ရွှေအိုရောင်သန်းလာပြီဆိုလျှင်တော့ မီးဖိုပေါ်မှချပြီး ဆီစစ်ပေးပါ။

ပြီးလျှင်တော့ အရသာရှိတဲ့ Chinese Style ဆီတို့ဟူးကြက်သားကြော်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:29
Rate this item
(1 Vote)