Chinese



တရုတ်နိုင်ငံသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် မှတ်ပုံတင်ရမည့် GACC အကြောင်း သိကောင်းစရာ

 တရုတ်နိုင်ငံသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် မှတ်ပုံတင်ရမည့် GACC အကြောင်း သိကောင်းစရာ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of China- GACC) ၏ ကြေညာချက်အမှတ်(၂၄၈)နှင့် (၂၄၉)တို့အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန် တင်ပို့မည့်/တင်ပို့လျက်ရှိသည့် လုပ်ငန်းရှင်များ အနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှသာလျှင် တင်ပို့ခွင့်ရရှိမည်ဖြစ်ပါသည်။

အဆိုပါ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များ အပါအဝင် ကုန်စည်များအား တရားဝင် တင်ပို့နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှု အာဏာပိုင် အဖွဲ့(GACC)မှ မှတ်ပုံတင်ပေးပြီးဖြစ်သည့် လုပ်ငန်းများစာရင်းအား တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက် အစီအစဉ် https://ciferquery.singlewindow.cn/ ၌ ဖော်ပြထားပါသည်။

 

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အောက်ဖော်ပြပါ ကုန်စည်အမျိုး အစား(၁၈)ခုတို့ကို တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေ အုပ်ချုပ်မှုအာဏာပိုင် အဖွဲ့တွင် မှတ်ပုံတင်ရမည်ဖြစ်ပါသည်- 

 

(က) အသားနှင့် အသားထုတ်ကုန်များ၊

 

( ခ ) ရေထွက်ကုန်များ၊ 

 

( ဂ ) နို့ထွက်ပစ္စည်းများ၊

 

(ဃ) ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များ၊

 

( င ) အဆာသွတ်ရန် အသုံးပြုသည့် အပေါ်ခွံ၊ 

 

( စ ) ပျားရည်နှင့်ပျားထွက်ပစ္စည်း၊

 

(ဆ) ဥနှင့်ဥထုတ်ကုန်များ၊ 

 

( ဇ ) စားသုံးဆီ၊

 

(ဈ) အပြင်အသားအား ဂျုံသားဖြင့် ပြုလုပ်ထားပြီး စားသုံးနိုင်သည့် သို့မဟုတ် အေးခဲထားသည့် ထုတ်ကုန်များ၊ 

 

(ည) စားသုံးနိုင်သော အစေ့အဆန်များ၊

 

( ဋ ) ကြိတ်ခွဲသီးနှံထွက်ကုန်များနှင့် မုယောစပါး၊ 

 

( ဌ ) လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် ရေဓာတ် ထုတ်ထားသော ဟင်းသီးဟင်းရွက်များ၊  

 

( ဍ ) ပဲမျိုးစုံ၊ 

 

( ဎ ) အနံ့အရသာအတွက် အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များ၊

 

(ဏ) အခွံမာသီးနှင့် အစေ့အဆန်များ၊

 

(တ) သစ်သီးခြောက်များ၊

 

(ထ) မလှော်ထားသော ကော်ဖီစေ့နှင့် ကိုကိုးစေ့များ

 

( ဒ ) အထူးအာဟာရ အစားအသောက်များ၊ ကျန်းမာရေးဖြည့်စွက်စာများ၊

 

ကုန်စည်အုပ်စုအလိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)တွင် မှတ်ပုံတင်နိုင်ရေး အတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များမှာ 

• စိုက်ပျိုးရေးဦးစီးဌာန၊ 

• မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ 

• ငါးလုပ်ငန်းဦးစီးဌာနနှင့် 

• အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

တို့ ဖြစ်ကြပါသည်။ 

 

ကုန်စည်အမျိုးအစား (၁၈)အုပ်စု၌ ပါဝင်ခြင်းမရှိသည့် ကုန်စည်များကို ထုတ်လုပ်/တင်ပို့မည့် လုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၏ ပြတင်း 

တစ်ပေါက် အစီအစဉ်ဖြစ်သည့် https://cifer.singlewindow.cn သို့ ဝင်ရောက်၍ ကိုယ်တိုင် Account ဖွင့်လှစ်ကာ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်ပါသည်။

 

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့အထိ ကုမ္ပဏီ/စက်ရုံ (၁၃၈၀)ခုမှ ပေးပို့ထားသည့် စောင်ရေ စုစုပေါင်း(၂၅၄၇) စောင်အားမှတ်ပုံတင်ရန် လျှောက်ထားပြီးဖြစ်ရာ

• စိုက်ပျိုးရေးဦးစီးဌာနမှ ကုမ္ပဏီ(၁၂၃၅) ခု၊ စောင်ရေ(၂၄၀၂)စောင်၊ 

• ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီ/စက်ရုံ(၁၂)ခု၊ စောင်ရေ(၁၂)စောင်၊ 

• မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှကုမ္ပဏီ(၁၄)ခု၊ စောင်ရေ(၁၄) စောင် နှင့် 

• အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကုမ္ပဏီ(၉) ခု၊ စောင်ရေ(၉)စောင်

တို့ ဖြစ်ပါသည်။

 

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးစားသောက်ကုန်များ တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်ခြင်းအတွက် ပြင်ဆင် ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)အောက်ရှိ CIFER မှတစ်ဆင့် ဆောင်ရွက်ခဲ့ရာမှ China Department of Animal and Plant Quarantine ဌာနမှ အောက်ဖော်ပြပါ စိုက်ပျိုးရေး စားသောက်ကုန်စည် အုပ်စု(၇)မျိုးကို ပြောင်းလဲတာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းကို Manual စနစ်ဖြင့် လျှောက်ထားရမည်ဖြစ်ပါသည်- 

 

(က) ကော်ဖီစေ့(raw)၊ ကိုကိုးစေ့ (cocoa beans) {Unroasted coffee beans and cocoa beans)

 

( ခ ) ဟင်းသီးဟင်းရွက်အစိမ်းများ(Fresh and dehydrated vegetables) 

 

( ဂ ) ဟင်းခတ်အမွှေးအကြိုင်များ Plant Seasonings (Plant Species)

 

(ဃ) စားသုံးနိုင်သည့် အစေ့အဆန်များ (Edible grains)

 

( င ) ပဲမျိုးစုံ( Dried Beans)

 

 ( စ ) ဆီထွက်အပင်များOilseeds (Oil Plant)

 

(ဆ) တရုတ်တိုင်းရင်းဆေးထုတ်လုပ်သည့် တိရစ္ဆာန် သို့မဟုတ် အပင်မူရင်းများ (Chinese Traditional Medicines)

 

အဆိုပါ ကုန်စည်အုပ်စု (၇) မျိုးအတွက် Manual စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းအား ကုမ္ပဏီလုပ်ငန်းများမှ ကိုယ်တိုင် ဆောင်ရွက်၍မရပါ။ သက်ဆိုင်ရာ Competent Authority Department ထံ လျှောက်ထားရမည်ဖြစ်သည်။

 

စိုက်ပျိုးရေးထွက်ကုန်များအတွက် စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထားရမည်။ သက်ဆိုင်ရာဌာနမှ တာဝန်ခံအရာရှိ(Competent Authority) ကသာ ၎င်းလျှောက်ထားမှုကို ဆောင်ရွက်နိုင်ပြီး စာသို့မဟုတ် Email ဖြင့် This email address is being protected from spambots. You need JavaScript enabled to view it.. cn သို့ ပေးပို့ခြင်း၊ မြန်မာနိုင်ငံရှိ တရုတ်သံရုံး သို့မဟုတ် တရုတ်နိုင်ငံရှိ မြန်မာသံရုံးမှတစ်ဆင့် ပေးပို့လျှောက်ထားရမည်။

 

https://ciferquery.singlewindow.cn/ Website တွင် online စနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေ အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)တွင် Competent Authority ထောက်ခံချက် လိုအပ်သည့် ကုန်စည်အုပ်စုနှင့် ကိုယ်တိုင်ဝင်ရောက် လျှောက်ထားသည့် ကုန်စည်အုပ်စုအပါအဝင် စုစုပေါင်းစောင်ရေ (၉၇၂)စောင်အား မှတ်ပုံတင်ခွင့် ပြုထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

 

http://dzs.customs.gov.cn/ Website တွင် Manual စနစ်ဖြင့် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)တွင် မှတ်ပုံတင်ပြီးဖြစ်သည့် စာရင်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

ထပ်မံသိရှိလိုသည်များရှိပါက 

 

GACC ရုံးလုပ်ငန်းအဖွဲ့၊ 

ပြည်တွင်း ကုန်သွယ်မှုဌာနခွဲ၊ 

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ 

ဖုန်းအမှတ် ၀၆၇-၃-၄၀၈၆၀၅၊ 

   ၀၆၇-၃-၄၀၈၆၁၈ 

Email: myantrade. This email address is being protected from spambots. You need JavaScript enabled to view it. 

 

တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)