Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်အခေါက်ကင်ပြုလုပ်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်စားသောက်စရာမလိုဘဲ

အိမ်တွင်လည်း လွယ်လင့်တကူ လုပ်စားနိုင်တဲ့ ၀က်သားအခေါက်ကင်ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ၀က်သားသုံးထပ်သား၊ ဆား၊ သကြား၊ တရုတ်မဆလာ၊ တရုတ်ဟင်းချက်ဝိုင်၊ ရှာလကာရည် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ၀က်သုံးထပ်သားကို ရေဆေးသန့်စင်ပြီးလျှင် ၀က်သားကိုခြောက်သွားအောင် စက္ကူဖြင့် သုပ်ပေးပါ။

 

ပြီးနောက် အသားကို အပေါ်ဖက်လှန်ထားပြီး ၀က်သားကို တရုတ်ဟင်းချက်ဝိုင်ဖြင့် ၀က်သားကို ပွတ်ပြီး လက်ဖြင့် ဆုတ်နယ်ထားပါ။

 

ပြီးရင် ပန်းကန်လုံးတစ်ခုထဲကို ဆား၊ သကြား၊ တရုတ်မဆလာထည့်၍ သမအောင်မွှေပေးထားပါ။

 

ပြီးရင်တော့ သမအောင်ပြုလုပ်ထားတဲ့ ပစ္စည်းများကို ၀က်သားပေါ်ဖြူး၍ ဆုတ်နယ်ပေးပါ။ အခေါက်ကိုချန်ပြီး အသားကိုပဲ နယ်ပေးပါ။

 

ပြီးလျှင် ပန်းကန်ပြားအခြောက်ထဲကို ၀က်ခေါက်ကို အပေါ်ဖက်ထား၍ ထည့်လိုက်ပါ။ ပြီးနောက် ရေခဲသေတ္တာ ထဲကို အခေါက်ထည့်ထားသော ပန်းကန်ပြားကို ထည့်လိုက်ပါ။ အဖုံးမဖုံးပါနဲ့။ ရေခဲသေတ္တာ အအေးနဲ့ အခေါက် ခြောက်သွားအောင် ထည့်ခြင်းဖြစ်ပါတယ်။ တစ်ညလောက်ထည့်ထားလိုက်ပါ။

 

ဝက်ခေါက်မကင်ခင်မှာ အာဗန်စက်ကို အပူပေးထားပါ။ ပြီးလျှင် ရေခဲသေတ္တာထဲမှ ဝက်သားကို ထုတ်ပြီးလျှင် အလူမီနီယံစက္ကူအပြားကို နှစ်ပတ်ပတ်၍ အခေါက်ကိုပဲဖော်ထားပြီး ပတ်လိုက်ပါ။

 

ပြီးရင်တော့ အခေါက်ကို ဓားချွန်ဖြင့် ထိုးပေးထားပါ။ ပြီးနောက် အခေါက်ကို စုတ်တံဖြင့် ရှာလကာရည်သုတ်ပေးထားပါ။

 

ပြီးလျှင် အပေါ်မှ ဆားဖြူး၍ သိပ်ပေးပါ။ ပြီးနောက် အပူပေးထားသော အာဗန်စက်ထဲမှာ နှစ်နာရီခန့်ကြာအောင် ကင်ပေးပါ။

 

ကင်ပြီးလျှင်တော့ အပေါ်က ဆားများ အချပ်လိုက်ခဲနေတာ တွေ့ရပါမယ်။ အခေါက်အပေါ်က ဆားများကိုဖယ်လိုက်ပါ။ အလူမီနီယံပြားကိုလည်း ဖယ်ပြီး အကင်ကင်တဲ့ သံစင်ပေါ်မှာတင်၍ အပေါ်မီးဖြင့် မိနစ်အနည်းငယ်ကြာ ထပ်ကင်ပေးပါ။ သံစင်ရဲ့အောက်မှာ အဆီများမကျစေရန် ဘန်းတစ်ခုကို ခံထားပါ။

 

ဝက်ခေါက်က ပွပြီး ကြွပ်လာရင်တော့ အပြင်ကို ထုပ်ပြီး အအေးခံလိုက်ပါ။အေးသွားရင် ကြိုက်နှစ်သက်ရာအရွယ်တော်အတုံးကလေးများလှီးပြီး အချဉ်ရည်ဖြင့် တို့စား၍လည်းကောင်း၊ သုပ်စား၍လည်းကောင်း ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:43
Rate this item
(3 votes)