Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်ကင်ပြုလုပ်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ နေရာတိုင်းတွင် ရောင်းချလေ့ရှိတဲ့ ကြက်ကင်ကို အားလပ်ရက်

မိမိအိမ်တွင်လည်းပြုလုပ်နိုင်တဲ့ နည်းလမ်းကို တင်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ကြက်ပေါင်သား၊ ဟင်းချက်ဆီ၊ ခရုဆီ၊ ကြက်သွန်ဖြူ၊ ငရုပ်ကောင်းမှုန့်၊ ဆားနှင့် သကြားတို့ ပါဝင်ရမှာဖြစ်ပါတယ်။

အရင်ဆုံး ကြက်ပေါင်များကို ရေစင်အောင် ဆေးပြီး ဓားဖြင့် အနည်းငယ် မွှန်းပြီး ဆား အနည်းငယ်၊ သကြား အနည်းငယ်နှင့် နယ်ထားပါ ။

ပန်းကန်လုံးတစ်လုံးထဲတွင် ဟင်းချက်ဆီ၊ ခရုဆီ၊ ကြက်သွန်ဖြူ၊ ငရုပ်ကောင်းမှုန့်၊ ဆားနှင့် သကြားတို့ အစရှိသည်များအားလုံးကို ရောထည့်၍ ဆော့ပြုလုပ်ပြီး ကြက်ပေါင်များဖြင့် ရောနှယ်၍ မိနစ်အနည်းငယ် ခန့်နှပ်ထားပါ။

ထို့နောက် ဒယ်အိုး တစ်လုံးထဲသို့ထည့်ပြီး ကြက်ပေါင်များ ရေမြုပ်ရုံ ရေ အနည်းငယ်ထည့်ပြီး မီးအေးအေးဖြင့် တည်ထားပါ။  တည်နေစဉ် အပေါ့အငံ မြည်းပေး၍ လိုအပ်သလို ပြင်ဆင်နိုင်ပါတယ်။ ကြက်ကို အရမ်း နူးသွားအောင် ချက်ရန်မလိုပေ။ ရေတစ်ရည်ခမ်း၍ ဆီပြန်လာလျှင် မီးပိတ်ပြီး ကြက်ပေါင်များကို ဆယ်ယူရပါမယ်။

အိုး ထဲတွင်ကျန်ခဲ့သော ဆော့သည် ကြက်သားဖြင့် တို့စားဖို့အတွက် အလွန်ကောင်းပါသည်။ ဆယ်ယူထားသော ကြက်ပေါင်များကို  သံဇကာပေါ်တင်၍ မီးအေအေးဖြင့်  တစ်ဖက်ဆီလှည့်၍ ကင်ပေးပါ ။

ကြက်သားက တစ်ရည်ခန်းအောင် ချက်ထား၍ အတွင်းသားများ ကျက်နေပြီဖြစ်သည့်အတွက် အပြင်ကို  ဆီ အနည်းငယ်သုပ်၍ အနံ့မွှေးလာသည်အထိ ကင်ပေးလျှင် အလွန် စားကောင်း၍ အရသာရှိသော ကြက်ကင်ကို သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Thursday, 13 September 2018 16:57
Rate this item
(4 votes)