Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်ဝမ်ခရမ်းချဉ်သီးများပေါ်ချိန် ဈေးနှုန်းကျဆင်း

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ထိုင်ဝမ်ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ရှိသော်လည်း ဈေးနှုန်းကျဆင်း နေသဖြင့်

စိုက်ပျိုးတောင်သူများ အကျိုးအမြတ်နည်းပါးလျက်ရှိကြောင်း ခရမ်းချဉ်စိုက်ပျိုးတောင်သူ ကိုကျော်ဇင်ဝင်း ထံမှ သိရသည်။

ပွင့်ဖြူမြို့နယ် မုန်းချောင်းအနီး ကျေးရွာများရှိ ဒေသခံတောင်သူများသည် ဥယျာဉ်ခြံမြေများနှင့် ကိုင်း၊ ကျွန်းမြေများတွင် မုန်းချောင်းရေနှင့် မြေအောက်ရေကို အဓိကမှီခိုအားထားပြု၍ တစ်နှစ်ပတ်လုံး ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံ၊ ဘုရားပန်းမျိုးစုံနှင့် နှစ်ရှည်သီးနှံများကို စိုက်ပျိုးလုပ်ကိုင်ကြကာ ယခုနှစ်တွင် ထိုင်ဝမ်ခရမ်းချဉ်သီးနှံမှာ အောင်မြင်ဖြစ်ထွန်းပြီး အသီးများလှိုင်လှိုင်ထွက်ရှိကာ ဆွတ်ခူးရောင်းချနေရကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ခရမ်းချဉ်စိုက်ပျိုးတောင်သူများထံမှ သိရသည်။

“ထိုင်ဝမ်ခရမ်းချဉ်သီးဟာ စနစ်တကျ စိုက်ပျိုးလုပ်ကိုင်မည်ဆိုပါက အပင်ရေ တစ်ထောင်လျှင် ခရမ်းချဉ်သီး ပိဿာချိန် အနည်းဆုံး ၃၀၀၀ မှ ၄၀၀၀ အထိ ထွက်ရှိပါတယ်။ ခုနောက်ပိုင်းမှာ စိုက်ပျိုးရေးနည်းပညာတွေ တိုးတက်လာသည် နှင့်အမျှ ဒေသခံတောင်သူတွေဟာ စိုက်ပျိုးရေးကုမ္ပဏီတွေဆီကတစ်ဆင့် သီးနှံအလိုက် အထွက်နှုန်းကောင်းတဲ့ စိုက်ပျိုးနည်းစနစ်များကို လေ့လာသင်ယူပြီးတော့ စမ်းသပ်စိုက်ပျိုးလုပ်ကိုင်လာပါတယ်။ အဲဒီလို စမ်းသပ်စိုက်ပျိုး လုပ်ကိုင်ရာမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ထိုင်ဝမ်ခရမ်းချဉ်သီးနှံသည် စိုက်ပျိုးပြီး (၃)လကြာပါက အသီးများဆွတ်ခူးရောင်းချရကြောင်း၊ လက်ရှိဈေးနှုန်းမှာ တစ်ပိဿာကို ငွေကျပ် ၄၀၀၊ ၅၀၀ ဖြင့် ရောင်းချနေရပြီး အကျိုးအမြတ် နည်းပါတယ်။ ဒါကြောင့် တောင်သူတွေက ဈေးကောင်းရရှိဖို့ မျှော်လင့်နေကြပါတယ်” ဟု သမန်းရင်းကျေးရွာမှ ထိုင်ဝမ်ခရမ်းချဉ်စိုက် တောင်သူ ကိုကျော်ဇင်ဝင်း က ပြောသည်။

ထိုင်ဝမ်ခရမ်းချဉ်သည် အထွက်နှုန်းကောင်းမွန်သည့်အတွက် ဈေးကောင်းရရှိပါက တောင်သူများအတွက် စီးပွားရေး ပိုမိုတွက်ချေ ကိုက်ပြီး ပွင့်ဖြူမြို့နယ်ရှိ တောင်သူများက ထိုင်ဝမ်ခရမ်းချဉ်သီးနှံကို အားထားစိုက်ပျိုးကြကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။

MDN

safe_image_6.jpg

Read times Last modified on Sunday, 03 January 2021 21:42
Rate this item
(0 votes)