India

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သားအစပ်ကြော်

ကြက်သားကို ပုံစံအမျိုးမျိုးဖြင့် ကိုယ့်စိတ်တိုင်းကျ ဆန်းသစ်တီထွင်စားချင်သူများအတွက်

ကြက်သားအစပ်ကြော် ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ ဂျုံမှုန့်၊ ကြက်ဥ၊ ဆီ တို့ လိုအပ်ပါမယ်။

 

 

ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး အရိုးမပါအောင် အသားချည်းပဲ သီးသန့်ဖြစ်အောင် ပြုလုပ်ထားပါ။

 

 

ပြီးလျှင် ကြက်သားများကို ဆား၊ ငရုတ်ကောင်းမှုန့်ဖြင့် နယ်ပြီးသည့်အခါမှာ ကြက်ဥထည့်၊ ဂျုံမှုန့်ထည့်၊ ရေထည့်နယ်ပီးမှ ငရုတ်ဆီများ ထည့်၍ နယ်ထားပါ။

 

 

ပြီးလျှင် ဒယ်အိုးထဲဆီထည့်လိုက်ပါ။ ဆီပူလာလျှင် ကြက်သားကို ရွှေအိုရောင်သန်းသည်အထိ ကြော်ပေးပါ။

 

 

ကြက်သားကြော်ကျက်ပြီဆိုရင်တော့ ဇကာဖြင့် ဆီစစ်ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး အပေါ်ယံမှ မြေပဲစေ့လှော်နဲ့ ငရုတ်နီလှော်တောင့်လေးများကို အပေါ်ယံမှ တင်လိုက်ပါ။

 

ပြီးရင်တော့ အရသာရှိတဲ့ ကြက်သားအစပ်ကြော်ကို အချဉ်ရည်နှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

 

Read More >>>>> ထိုင်းစတိုင်လ် တုန်ယမ်းချဉ်စပ် ကြာဆံကြော်

 

 

Read times Last modified on Tuesday, 18 September 2018 11:33
Rate this item
(2 votes)