India
ဆိတ်အူကြမ်း သောက်ဆမ်းချက်
ဒီတစ်ခါတော့ ရှောက်ရွက်နံ့သင်းသင်းလေးနဲ့ ဆိတ်အူကြမ်း လေး ချက်စားကြည့်ရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပထမဦးစွာ ဆိတ်အူကြမ်းများကို ရေနွေးပူပူလောင်း၍ အပေါ်ခွံများကို ဇွန်းဖြင့် ခြစ်ချပေးပါ။
၂။ ပြီးနောက် အတုံးသေးလေးများတုံး၍ သံပရာရည်နှင့် နယ် ကာ ရေစင်အောင်ဆေးပြီး အရသာမှုန့်၊ နနွင်းမှုန့်၊ ဆားတို့ဖြင့် နယ်ထားပါ။
၃။ ငရုတ်သီးပုခြောက်ကို ရေနွေးဖြင့်စိမ်၍ အစေ့ထုတ်ကာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ဖြင့်ရောကာ ညက်အောင် ထောင်းပါ။
၎။ ထိုအနှစ်များကို ဆိတ်အူကြမ်း၊ ခရမ်းချဉ်သီးတို့နှင့် နယ်၍ အိုးတစ်လုံးထဲသို့ ထည့်ပါ။
၅။ ထို့နောက် ဆီနှင့်ရေအနည်းငယ်ထည့်၍ လုံးပြီး ဆိတ်အူ ကြမ်း ကျစ်လာလျှင် ရေများများထည့်၍ တည်ပေးပါ။
၆။ ဆိတ်အူကြမ်းများ နူးလာလျှင် ရေအနည်းငယ်ကျန်သည် အထိ တည်ပြီးအရသာမြည်းပါ။
၇။ အရသာစိတ်ကြိုက်ဖြစ်လျှင် မီးပိတ်၍ ရှောက်ရွက်ပါးပါး လှီးထည့်ကာ သုံးဆောင်နိုင်ပါပြီ။
ပါဝင်ပစ္စည်းများ
ဆိတ်အူကြမ်း၅၀ ကျပ်သား
ကြက်သွန်နီ၂ လုံး
ကြက်သွန်ဖြူ၃ မြွာ
ခရမ်းချဉ်သီး၁ လုံး(ပါးပါးလှီးထားပါ)
ချင်းလက်တစ်ဆစ်
ငရုတ်သီးပုခြောက်၂ တောင့်
ဆီစားပွဲတင်ဇွန်း ၂ ဇွန်း
ရှောက်ရွက်အနည်းငယ်
Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။
Source: 7 days new