India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၂၁ ဧပြီ ၂၀၂၃


ဗီယက်နမ်နိုင်ငံမှ တင်ပို့သည့် ဆန်ဈေးသည် ယခုသီတင်းပတ်တွင် နှစ်နှစ်အတွင်း အမြင့်ဆုံးသို့ ခုန်တက်သွားသည်။
ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ဗီယက်နမ်ဆန် တစ်တန်လျှင် $495-$500 ဖြင့် ကမ်းလှမ်းခဲ့သည်။ ထိုအမြင့်ဈေးကို နောက်ဆုံး ကြုံခဲ့သည်မှာ ၂၀၂၁ ဧပြီလတွင် ဖြစ်သည်။ ယခင်အပတ်က $465-$470 ခေါ်ဈေး ရှိခဲ့သည်။
တစ်နှစ်တာ စပါးအများဆုံး ပေါ်သည့်ရာသီ
ဆောင်း-နွေဦး စပါး ရိတ်သိမ်းချိန် ကုန်ဆုံးသွားပြီဖြစ်ကြောင်း ကုန်သည်များက ပြောသည်။
"ဗီယက်နမ်ဆန် အဝယ်လိုက်နေတုန်းပဲ။ ပြည်တွင်းမှာ ဆန်ရရှိတာ နည်းနေတယ်" ဟု ကုန်သည်တစ်ဦးက ပြောကြားသည်။
“စျေးနှုန်းတွေ ဒီလောက်အထိ မြင့်မားနေတော့ ဖိလစ်ပိုင်အပါအဝင် ဝယ်သူတွေက အဝယ်နှေးသွားကြတယ်" ဟု အခြားကုန်သည်တစ်ဦးက ပြောကြားသည်။
ဖိလစ်ပိုင်သည် ဗီယက်နမ်ဆန် အများဆုံး ဝယ်ယူသူဖြစ်သည်။
.
ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ အိန္ဒိယပေါင်းဆန် ယခင်အပတ်က ခေါ်ဈေး တစ်တန်လျှင် $385-$392 ရှိခဲ့ပြီး ယခုအပတ်တွင် $382-$388 သို့ ကျဆင်းသည်။ ရူပီး ဒေါ်လာ လဲနှုန်းတွင် ရူပီး တန်ဖိုးကျသဖြင့် ဒေါ်လာဖြင့် ဈေးခေါ်သည့် ပို့ကုန်ဆန်ဈေး ကျဆင်းသည်။
"ပို့ကုန်ဆန် ဝယ်လိုအားက တည်ငြိမ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာရှဝယ်လက်တွေ ဝယ်ကြတယ်" ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
.
ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ထိုင်းဆန် ယခင်အပတ်က တစ်တန် ခေါ်ဈေး $485 ~ $490 ရှိခဲ့ပြီး ယခုအပတ် $480 ရှိသည်။
သင်္ကြန်ကာလဖြစ်သဖြင့် အရောင်းအဝယ် နားထားကြသည်။
ယခုနှစ် ပထမ၂လတွင် ထိုင်းဆန် တန်ချိန် ၁.၄ သန်း တင်ပို့ခဲ့သည်။
.
ဘင်္ဂလားဒေ့ရှ် အရှေ့မြောက်ပိုင်းဒေသတွင် ရေကြီးမှုအန္တရာယ် ရှိနေတာကြောင့် စပါးကို ဆောလျင်စွာ အမြန်ရိတ်သိမ်းရန် လယ်သမားများအား အကြံပြုထားသည်။

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 21 April 2023 12:31
Rate this item
(0 votes)