India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယ စားအုန်းဆီသန့် တင်သွင်းမှု မူဝါဒ ပြောင်းလဲ

အိန္ဒိယ စားအုန်းဆီသန့် တင်သွင်းမှု မူဝါဒ ပြောင်းလဲ

အိန္ဒိယအစိုးရက စားအုန်းဆီသန့် တင်သွင်းခြင်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ ခွင့်ပြုလိုက်သည်။
အိန္ဒိယနိုင်ငံသည် ဟင်းသီးဟင်းရွက်ဆီ ကမ္ဘာ့အများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်ပြီး ပြည်တွင်း စားဆီလက်ရောင်းဈေးကျစေရန် ယခုလို တင်သွင်းခွင့် ပြုလိုက်ခြင်း ဖြစ်ပါသည်။

စားအုန်းဆီသန့် တင်သွင်းရန် ခွင့်ပြုလိုက်သဖြင့် စားအုန်းဆီကြမ်း crude palm oil (CPO) တင်သွင်းမှုများ လျော့ကျနိုင်ဖွယ် ရှိသည်
စားအုန်းဆီကြမ်း တင်သွင်းနေသူတို့သည် စားအုန်းဆီသန့်ကို ပြောင်းလဲ တင်သွင်းကြမည် ဖြစ်သည်။ စားအုန်းဆီကြမ်းကို အဓိကအားဖြင့် အင်ဒိုနီးရှားမှ တင်သွင်းသည်။ အင်ဒိုနီးရှား အစိုးရက စားအုန်းဆီအမျိုးမျိုး တင်ပို့သည့်အပေါ် ပို့ကုန်ခွန်ကောက်ခံရာ၌ ဆီကြမ်းအပေါ် စည်းကြပ်သည့် အခွန်နှုန်းသည် ဆီသန့်အပေါ် ကောက်ခံသည်ထက် ပိုများသည်။
၂၀၂၁/၂၂ အတွင်း စားအုန်းဆီသန့် တန်ချိန် ၁.၅ သန်း တင်သွင်းရန် ခွင့်ပြုလိုက်သည်။ ဆီကြမ်းကို တန်ချိန် ၇ သန်း ခွင့်ပြုသည်။

အိန္ဒိယသည် ပြည်တွင်း စားအုန်းဆီ သုံးစွဲမှု၏ သုံးပုံနှစ်ပုံကို စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီ စသည့် ဟင်းသီးဟင်းရွက်ဆီများ ပြည်ပမှ တင်သွင်းပြီး ဖြည့်ဆည်းသည်။ ထိုသို့ တင်သွင်းရာတွင် ၆၀% သည် စားအုန်းဆီ ဖြစ်သည်။

အစိုးရက သန့်စင်ပြီး စားအုန်းဆီအပေါ် အခြေခံအကောက်ခွန် ၁၇ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၂ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြည်တွင်းစားသုံးဆီ တိုးမြှင့်ရေးနှင့် ဟင်းချက်ဆီ လက်လီဈေးနှုန်းများ ကျဆင်းစေရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် လျှော့ချပေးခဲ့ပါသည်။

Read times Last modified on Thursday, 23 December 2021 10:58
Rate this item
(0 votes)