India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
ht tps://t.me/Guid4U

23 June 2023

 

ဆန်ကွဲ ၅%ပါ ဗီယက်နမ်ဆန် ယခုသီတင်းပတ်တွင် တစ်တန်လျှင် ခေါ်ဈေး $495-$505 ရှိပြီး ယခင်အပတ် $498 မှ မြင့်တက်လာခြင်း ဖြစ်သည်။ 

၂၀၂၁ ခုနှစ် ဧပြီလနောက်ပိုင်း အမြင့်ဆုံး အထွတ်အထိပ်သို့  မြင့်တက်ခြင်း ဖြစ်သည်။

ပြည်ပတင်ပို့သူများက  ပို့ကုန်စာချုပ်များကို တင်ပို့ပေးနိုင်ရန်အတွက် ပြည်တွင်းမှာ ဆန်ကို အပြေးအလွှားဝယ်ယူနေကြသည်ဟု ဟိုချီမင်းစီးတီးမှ ကုန်သည်တဦးက ပြောကြားသည်။

 

ရာသီဥတု မျက်နှာသာ မပေးခဲ့ခြင်းကြောင့် နွေ-ဆောင်းဦး စပါးသီးနှံ အထွက်နှုန်းမှာ မျှော်မှန်းထားသလောက် မမြင့်မားခဲ့ဟု ၎င်းက ပြောကြားသည်။

ဗီယက်နမ်နိုင်ငံသည် ဇွန်လ ပထမလဝက်တွင် ဆန် ၂၈၄,၇၉၈ တန် တင်ပို့ခဲ့သည်။ ယခုနစ်တွင် ဇွန်လ ၁၅ ရက်အထိ ဆန် ၃.၉ သန်း တင်ပို့ခဲ့သည်။

.

ဆန်ကွဲ ၅%ပါ ထိုင်းဆန် တစ်တန်လျှင် ခေါ်ဈေး ယခင်အပတ်က $495 ရှိခဲ့ပြီး ယခုအပတ်တွင် $505 သို့ မြင့်တက်သည်။

 အင်ဒိုနီးရှားသို့ ရောင်းချသည့်ဆန်များ တင်ရန် သင်္ဘောများ စောင့်ဆိုင်းနေကြပြီး ဆန်သစ်များ ဈေးကွက်ထဲ ဝင်မလာသေးချေ။ ဆန်ပို့ကုန် လုပ်ငန်းရှင်များ ဆန်များ အချိနိမီရဖို့ လုံးပန်းနေကြရသည်။

ပြည်တွင်းဆန်ဈေး မြင့်တက်သဖြင့် ပို့ကုန်ဆန်ဈေး မြင့်တက်လာသည်။

 

ယခုနှစ်တွင် ထိုင်းဆန်တင်ပို့မှုသည် ယခင်နှစ် တန်ချိန် ၇ ဒသမ ၅ သန်းထက် ပိုမိုများပြားနိုင်ကြောင်း ထိုင်းကုန်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။ တန်ချိန် ၈ သန်းကျော်မည်ဟု ခန့်မှန်းထားသည်။

 

.

ဆန်ကွဲ ၅%ပါ အိန္ဒိယ ပေါင်းဆန် တစ်တန်လျှင် ခေါ်ဈေး ယခင်အပတ်က $390-$398 ရှိခဲ့ပြီး ယခုအပတ်တွင် $397-$405 သို့ မြင့်တက်သည်။

၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်သည်။

ရူပီး မာလာခြင်း၊ ပြည်တွင်း စပါး ဈေးနှုန်းများ မြင့်တက်ခြင်းတို့ကြောင့် ပို့ကုန်ဆန် ဈေးနှုန်းများ မြင့်တက်သည်။

Source Reuters

TO GET INSTANT UPDATE 

Join Telegram Channel
https://t.me/Guid4U

Read times Last modified on Saturday, 24 June 2023 02:04
Rate this item
(0 votes)