India



အိန္ဒိယ ကြက်သွန်နီ ပို့ကုန်ခွန် ၄၀% စတင်စည်းကြပ်

အိန္ဒိယ  ကြက်သွန်နီ ပို့ကုန်ခွန်  ၄၀% စတင်စည်းကြပ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

အိန္ဒိယသည်  ယခုမှစ၍ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကြက်သွန်နီအပေါ် တင်ပို့ခွန် ၄၀ ရာခိုင်နှုန်းကို စည်းကြပ်မည်ဖြစ်သည်။ ပို့ကုန်ခွန် ၄၀%  သတ်မှတ်လိုက်သည့်အတွက် ပို့ကုန်ကြက်သွန်နီ ဈေးနှုန်း မြင့်တက်သွားစေပြီး ဝယ်လက်ရဖို့ ခက်ခဲသွားစေသဖြင့် ပြည်ပတင်ပို့မှု လျော့ကျသွားစေရန် ရည်ရွယ်ပါသည်။ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သနေနေ့ (ဩဂူတ် ၁၉)တွင် ထုတ်ပြန်သော ကြေညာချက်တွင်  ပြည်တွင်းဖူလုံရေးကို ဦးစားပေး ဆောင်ရွက်ခြင်း ဖြစ်ပါသည်ဟု ဖော်ပြထားသည်။ 

 

အိန္ဒိယသည်  ကြက်သွန်နီ ကမ္ဘာ့အများဆုံး တင်ပို့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ကြက်သွန်နီ  မက်ထရစ်တန် ၁.၄၆ သန်း တင်ပို့ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ မလေးရှား၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် သီရိလင်္ကာကဲ့သို့သော နိုင်ငံများသည် အိန္ဒိယကြက်သွန်နီ တင်ပို့မှုအပေါ် တည်မှီထားကြသည်။

 

"ပို့ကုန်ခွန်ျကြာင့် အိန္ဒိယကြက်သွန်နီက  ပါကစ္စတန်၊ တရုတ်နဲ့ အီဂျစ်တို့ထက် ဈေးပိုပေးရလိမ့်မယ်။ ဒီတော့ ပြည်ပဝယ်လက်တွေ အိန္ဒိယ ကြက်သွန်နီ ဝယ်ယူတာ နည်းသွာပြီး တင်ပို့မှု လျော့ကျသွားမယ်။ ပြည်တွင်းဈေးကွက်မှာ ကြက်သွန်နီ လက်ကျန် ပိုများသွားပြီး ဈေးမတက်တော့ဘူး"ဟု မွမ်ဘိုင်းမြို့အခြေစိုက် ပို့ကုန်လုပ်ငန်းရှင် Ajit Shah က ပြောသည်။

 

အဓိကဈေးကွက်များတွင် ကြက်သွန်နီ ကျမ်းမျှလက်ကားဈေးသည် ဇူလိုင်လမှ သြဂုတ်လအထိကာလအတွင်း ၂၀ ရာခိုင်နှုန်းနီးပါး ခုန်တက်သွားခဲ့သည်။ ယခူအခါ ၁၀၀ ကီလိုဂရမ်လျှင် ရူပီး ၂,၄၀၀  ($28.87) ပေါက်ဈေး ဖြစ်ပေါ်နေသည်။ ရာသီဥတု မမှန်သဖြင့် ကြက်သွန်နီ အသစ်ပေါ်ချိန်တွင် အတွက်လျော့ကျမည်ဟု ခန့်မှန်းထားပါသည်။

 

အိန္ဒိယနိုင်ငံသည် အယ်လ်နီညိုရာသီဥတုပုံစံကြောင့် ရာစုနှစ်တစ်ခုကျော်အတွင်း အခြောက်သွေ့ဆုံး သြဂုတ်လကို ကြုံတွေ့နေရသည်။

 

“နွေရာသီမှာ ရိတ်သိမ်းတဲ့ ကြက်သွန်နီတွေက မြန်မြန်ပုပ်ကုန်ပြီ။ အသစ်ပေါ်ချိန်က နှောင့်နှေးနေတယ်။ ဒီအခြေအနေဟာ အစိုးရအနေနဲ့ ကြက်သွန်နီတွေ ဖူလုံစေဖို့ ကြိုတင်ကာကွယ်မှုတွေ လုပ်လိုက်တယ်" ဟု မွမ်ဘိုင်းမြို့အခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားသည်။ 

 

Source reuters


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Sunday, 20 August 2023 13:54
Rate this item
(0 votes)