India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယတွင် ဆန်ကွဲ တင်ပို့မှု ပိတ်ပင်ထားသဖြင့် ပြည်တွင်းဆန်လက်လီဈေးနှုန်းများ လျော့ကျ

အိန္ဒိယတွင် ဆန်ကွဲ တင်ပို့မှု ပိတ်ပင်ထားသဖြင့် ပြည်တွင်းဆန်လက်လီဈေးနှုန်းများ လျော့ကျ

 

အစိုးရ ဂိုဒေါင်များတွင် ဆန်သိုလှောင်မှု လုံလောက်သော်လည်း ၂၀၂၂-၂၃ ခုနှစ် ကောက်ရိတ်ရာသီ (ဇူလိုင်မှ ဇွန်လ) အတွင်း ဆန်တန်ချိန် ၆~၇ သန်းခန့် အထွက်နှုန်း ကျဆင်းသွားဖွယ် ရှိသည်ကို အကြောင်းပြပြီး အိန္ဒိယ ပြည်တွင်း ဆန်ဈေးများ တက်ရိပ်ပြနေသည်။ 

 

 Great Star Enterprise

 

"ပြည်ပသို့ ဆန်ကွဲ တင်ပို့မှု ပိတ်ပင်ပြီးနောက် ပြည်တွင်း ဆန်ဈေး တည်ငြိမ်လာတယ်။ တချို့မြို့တွေမှာ ဆန်‌ဈေးနှူန်း အနည်းငယ် ကျဆင်းလာတာကို တွေ့ရတယ်" ဟု အစိုးရ အရာရှိတစ်ဦးက Economic Times ကို ပြောကြားသည်။

 

ဆန်ကွဲ တင်ပို့မှု ပိတ်ပင်ခြင်း၊ ဘာစမာတီနှင့် ပေါင်းဆန်မှတစ်ပါး အခြားဆန်အမျိုးအစားများ ပြည်ပတင်ပို့ခြင်းအပေါ် အခွန် ၂၀% စည်းကြပ်ရန် ပြဋ္ဌာန်းခြင်းတို့ကြောင့် ပြည်တွင်း ဆန်ဈေးနှုန်းများ အေးသွားသည်။ ပြည်တွင်း ဆန်ကွဲ ဖူလုံမှု ရှိကြောင်း သေချာသွားစေသည်ဟု အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။

 

အိန္ဒိယနိုင်ငံ စားသုံးသူရေးရာဝန်ကြီးဌာနမှ  အချက်အလက်များအရ ဆန်လက်ကားဈေးသည် စက်တင်ဘာ ၁၄ ရက်တွင် ၁၀၀ ကီလိုဂရမ်လျှင် ၃,၃၅၇.၂ ရူပီးအထိ မြင့်တက်ခဲ့သည်။

 

တိရစ္ဆာန် အစာဈေးနှုန်းများလည်း မြင့်တက်သည်။ ပြောင်းဆံ ဈေးသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် တစ်ကီလိုလျှင် ၁၉ ရူပီးမှ ၂၀၂၂ စက်တင်ဘာ ၈ ရက်တွင် တစ်ကီလိုလျှင် ၂၄ ရူပီးအထိ မြင့်တက်ခဲ့သည်။ ဆန်ကွဲတစ်ကီလိုလျှင် ၁၆ ရူပီးမှ ၂၂ ရူပီးသို့ မြင့်တက်ခဲ့သည်။

 

ဆန်ကွဲ တင်ပို့မှုမှာ လုံးဝ ပုံမှန်မဟုတ်ဘဲ မြင့်တက်လာခဲ့ကြောင်း အစားအသောက် ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ တိရစ္ဆာန် အစာအတွက် ဆန်ကွဲ လုံလုံလောက်လောက် မရရှိကြောင်းလည်း ပြောကြားခဲ့သည်။ ထို့နောက် ရက်အနည်းငယ်အကြာတွင် ဆန်ကွဲ တင်ပို့မှုကို ပိတ်ပင်လိုက်သည်။ 

 

ဇူလိုင်လ ၁ ရက်နေ့အထိ စပါးအပါအဝင် ဆန်စပါးတန်ချိန် ၄၇ သန်း သိုလှောင်ထားပြီး ဆန်သစ်မပေါ်ခင် ကြားကာလအတွက် သိုလှောင်မှု လိုအပ်ချက်မှာ ဇူလိုင်လ ၁ ရက်နေ့အထိ ဆန်တန်ချိန် ၁၃ ဒသမ ၅ သန်းရှိရန် လိုအပ်သည်။

 

ကမ္ဘာ့ဆန်ကုန်သွယ်မှုတွင် ၄၀ ရာခိုင်နှုန်းဝေစုကို ထိန်းချုပ်ထားသည့် အိန္ဒိယနိုင်ငံသည် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၂၁ ဒသမ ၂၃ သန်း တင်ပို့ခဲ့ပါသည်။

 

Source economictimes

#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U

 

 

Read times Last modified on Tuesday, 20 September 2022 15:53
Rate this item
(1 Vote)