India



ပေါင်းဆန် ပို့ကုန်ခွန် ပြဋ္ဌာန်းချက် အိန္ဒိယ သက်တမ်းတိုး

ပေါင်းဆန် ပို့ကုန်ခွန် ပြဋ္ဌာန်းချက် အိန္ဒိယ သက်တမ်းတိုး

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အိန္ဒိယအစိုးရသည် ပေါင်းဆန်အပေါ်  ပို့ကုန်ခွန် ပြဋ္ဌာန်းထားခြင်းကို ကို လာမည့်နှစ် မတ်လ ၃၁ ရက်အထိ သက်တမ်းတိုးမြှင့်ကြောင်း သောကြာနေ့ (အောက်တိုဘာ ၁၃) ရက်တွင် ကြေညာခဲ့သည်။

ပို့ကုန်ခွန်ကြောင့် ပြည်ပသို့ တင်ပို့မှု လျော့ကျစေပြီး ပြည်တွင်း ဆတ်လက်ကျန် ပိုများစေရန်နှင့် ပြည်တွင်း ဆန်ဈေးနှုန်း ထိန်းရန် ရည်ရွယ်သည်။

 

၂၀၂၃ ဩဂုတ်လတွင် အိန္ဒိယအစိုးရက ပေါင်းဆန် ပြည်ပတင်ပို့မှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်းကို အောက်တိုဘာလ ၁၅ ရက်အထိ စည်းကြပ်ရန် ပြဋ္ဌာန်းခဲ့ပြီး ယခု သက်တမ်းတိုးပေးလိုက်ခြင်း ဖြစ်သည်။ 

 

အိန္ဒိယအစိုးရသည် ဘာစမာတီ မဟုတ်သော ဆန်ဖြူ ပြည်ပတင်ပို့ခြင်းကိုလည်း ပိတ်ပင်ထားသည်။ 

ဘာစမာတီမဟုတ်သော ဆန်ဖြူသည် အိန္ဒိယနိုင်ငံမှ တင်ပို့သည့် ဆန်စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းခန့် ရှိသည်။

 

အိန္ဒိယအစိုးရသည် ဆန်ကွဲတင်ပို့မှုကိုလည်း ယမန်နှစ် စက်တင်ဘာလမှစ၍ ပိတ်ပင်ထားပါသည်။

 

Source Economic Times


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times
Rate this item
(0 votes)