India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
ht tps://t.me/Guid4U

02 June 2023

 

ယခုသီတင်းပတ်တွင် ‌အာရှမှ ဆန်တင်ပို့သည့် နိုင်ငံများအကြား ဈေးသက်သာသည့် အိန္ဒိယဆန် ဈေးအနည်းငယ် တက်သည်။ ဆန်တင်ပို့မှု လျှော့ချသွားမည့် ဗီယက်နမ်ဆန် ဈေးမြင့်နေဆဲ ဖြစ်သည်။

 


ဗီယက်နမ် မူဝါဒအသစ်အရ နှစ်စဉ် ဆန်တင်ပို့မှု ၄၄ ရာခိုင်နှုန်း လျှော့ချသွားမည်

https://www.foodindustrydirectory.com.mm/food-industry/food-livestock/item/6241-vietnam-rice.html


၅% ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် ယလင်အပတ်က ခေါ်ဈေး တစ်တန်လျှင် $374-$378 ရှိခဲ့ပြီး ယခု သီတင်းပတ်တွင် $375-$380 သို့ မြင့်တက်လာသည်။

.

ဘင်္ဂလားဒေ့ရှ်သည် ရာသီဥတုကြောင့် စပါးခင်းများ ပျက်စီးလေ့ရှိပြီး ပြည်တွင်းဆန်ဖူလုံရေးအတွက် ပြည်ပမှ ဆန်တင်သွင်းရလေ့ရှိသည်။ ယခုနှစ်တွင် ပြည်တွင်းမှ ထွက်သောဆန်ဖြင့် ဖူလုံမည် ဖြစ်သဖြင့် အစိုးရအနေဖြင့် ဆန်တင်သွင်းရန် လိုမည်မဟုတ်ဟု စားနပ်ရိက္ခာ ဝန်ကြီးက ပြောကြားသည်။

 

“တိုင်းပြည်မှာ စပါးအထွက်ကောင်းတော့ ဆန်တင်သွင်းစရာ မလိုဘူး”ဟု  စားနပ်ရိက္ခာ ဝန်ကြီး Sadhan Chandra Majumder က သတင်းထောက်များကို ပြောကြားခဲ့သည်။

.

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် ယခုအပတ် ဈေးအတက်အကျ မရှိပါ။ ခေါ်ဈေး တစ်တန် $490-$495 ရှိသည်။ ဧပြီလနောက်ပိုင်း အမြင့်ဆုံးဈေး ဖြစ်သည်။

ပြည်တွင်းမှ ဆန်များနှင့် ကမ္ဘောဒီးယားဆန်တို့ ဈေးကွက်ထဲ အဝင်နည်းသဖြင့် ဈေးမြင့်နေပြီး ပြည်ပဝယ်လက်တို့က အဝယ်နှေးနေသည်။ 

 

ယခုနှစ် ပထမ ၅ လတွင် ဗီယက်နမ်ဆန် တန်ချိန် ၃.၉ သန်း တင်ပို့ခဲ့သည်။ မေလတံင် တန်ချိန် ၁ သန်းဝန်းကျင် တင်ပို့ခဲ့သည်။

.

၅% ဆန်ကွဲပါ ထိုင်းဆန် ခေါ်ဈေး တစ်တန် $495 ရှိပြီး ယခင်အပတ်က  $495-$500 ဖြစ်ခဲ့သည်။ အဝယ်ပါးနေသည်။ ဘတ် အားပျော့နေသဖြင့် ဈေးအနည်းငယ်ကျဆင်းခဲ့သည်။

 

Source Reuters

TO GET INSTANT UPDATE 

Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 02 June 2023 10:51
Rate this item
(0 votes)