India

×

Warning

JUser: :_load: Unable to load user with ID: 540


မလေးရှားစတိုင်လ် အာလူးကတ်တလိတ်

အာလူးကို ရိုးရိုးမစားချင်သူများအတွက် မလေးရှားစတိုင်လ် အာလူးကတ်တလိတ် လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ အာလူး၊ ကြက်သွန်ကြော်၊ နံနံပင်၊ ပုစွန်ခြောက်၊ ဇီယာ၊ နံနံစေ့အမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်း၊ ကြက်ဥ၊ ဂျုံမှုန့်၊ ပြောင်းမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။

ပထမဆုံး အာလူးကို ရေဆေးသန့်စင်ပြီး အခွံနွှာကာ အနေတော်အတုံးလေးများ စိတ်ထားပါ။

 

ပြီးရင် အိုးထဲတွင်ဆီထည့်ပြီး အပူပေး၍ ဆီပူလာပါက စိတ်ထားသော အာလူးတုံးလေးများကို ထည့်ကြော်လိုက်ပါ။ ရွှေဝါရောင်ရပါကဆယ်ယူ၍ ဆီစစ်ထားပါ။

 

ပြီးလျှင် ဆီစစ်သွားသော အာလူးနှင့်အတူ ကြက်သွန်ကြော်၊ နံနံပင်၊ ဇီယာ၊ နံနံစေ့အမှုန့်၊ ဆား၊ ငရုပ်ကောင်းတို့ကိုထည့်ပြီး ကြေညက်အောင်ကြိတ်ပေးပါ။

 

ပုစွန်ခြောက် ရေစိမ်သေးသေးစိတ်ထည့်ပါ။ အရသာ အပေါ့အငံမြည်းကြည့်ပါ။

 

ပန်းကန်တစ်ခုတွင် ဂျုံမှုန့်နှင့် ပြောင်းဖူးမှုန့်ရောပြီး သမအောင်မွှေထားပါ။ ကြက်ဥ နှစ်လုံးကိုခေါက်ထားပါ။

 

အားလုံးအသင့်ဖြစ်ပါက ကြိတ်ထားပြီးသား အာလူးအရောကို အရွယ်တူအလုံးလေးများလုံးပြီး အနည်းငယ်ဖိပြားပေးပါ။

 

ဂျုံပြောင်းမှုန့်အရောတွင် နှစ်ဖက်ကို အမှုန့်ကပ်ပြီးကြော်ရန် အသင့်ပြုလုပ်ထားပါ။ ဆီအိုးကို အပူပေးပါ။

 

ဆီပူလာလျှင် အမှုန့်ကပ်ပြီးသား အာလူးကို ကြက်ဥနှစ်ပြီး ဆီပူတွင်ချကြော်ပါ။

 

နှစ်ဘက်လုံး ရွှေဝါရောင်သမ်းပြီး ကြွပ်လာပါက ဆယ်ယူ၍ ဆီစစ်ကာ ထမင်း၊ ခေါက်ဆွဲတို့ဖြင့် တွဲဖက်၍ တည်ခင်းနိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 15:54
Rate this item
(1 Vote)