India



အိန္ဒိယအစိုးရ ဘာစမာတီ ဈေးနှုန်းသတ်မှတ်ချက်ကြောင့် လယ်သမားများ အခက်ကြုံ

အိန္ဒိယအစိုးရ ဘာစမာတီ ဈေးနှုန်းသတ်မှတ်ချက်ကြောင့် လယ်သမားများ အခက်ကြုံ

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL 

 

အိန္ဒိယအစိုးရက ပြည်ပသို့ တင်ပို့သည့် ဘာစမာတီဆန်များအတွက် အနည်းဆုံး ပို့ကုန်ဈေးနှုန်း Minimum Export Price MEP ကို ကန်ဒေါ်လာ ၁,၂၀၀ ဟု ဩဂုတ်လတွင် သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။

တတန် ကန်ဒေါ်လာ ၁,၂၀၀ နှင့်အထက် ဈေးရမှသာ တင်ပို့နိုင်ပြီး ဖြစ်ပြီး ၎င်းဈေးနှုန်းသည် လက်တွေ့မကျဘဲ မြင့်မားနေသဖြင့် ဘာစမာတီဆန်များ ပြည်ပသို့ တင်ပို့ဖို့ ခဲယဉ်းနေစေသည်။

လယ်သမားများ၊ ဆန်စက်များနှင့် ပို့ကုန်လုပ်ငန်းရှင်များက အစိုးရသည် MEP ကို လျှော့ချမည်ဟု ယူဆကာ မျှော်လင့်ခဲ့ကြသည်။ အစိုးရက တစ်တန်ကို ကန်ဒေါ်လာ ၈၅၀ မှ ၉၀၀ အထိ လျှော့ချ သတ်မှတ်ပေးရန် လိုအပ်သည်ဟု ဆိုကြသည်။

 

အောက်တိုဘာလတွင် ၎င်း MEP ကို ကြေညာချက်အသစ် မထုတ်ပြန်သေးသရွေ့ ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ပြည်ပတင်ပို့ရန် အခက်အခဲ ရှိနေသဖြင့် ဆန်စက်များ၊ ကုန်သည်များက ဩဂုတ်လကတည်းက ဘာစမာတ္ီစပါး အဝယ်ရပ်ထားလိုက်ကြသဖြင့် လယ်သမားများ လက်ထဲ ရောင်းမထွက်သည့် ဘာစမာတီစပါးများ ဆက်ရှိနေသည်။

ဆန်သစ်ပေါ်ချိန်တွင်လည်း အဝယ်မလိုက်သဖြင့် ဘာစမာတီ စိုက်ခဲ့သည့် လယ်သမားများ အခက်ကြုံနေကြသည်။ 

အချို့ ဆန်စက်များတွင်လည်း အဝယ်စောမိသည့် ဘာစမာတီ စပါးများ၊ ကြိတ်ခွဲပြီးသား ဘာစမာတီဆန်များ ရောင်းမထွက်သည့် ပြဿနာကို ရင်ဆိုင်နေရသည်။ 

 

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ဆန်လုံးရှည် ဆန်မွှေုးဖြစ်သည့် ဘာစမာတီဆန်ကို ပရီမီယံဆန်အဖြစ် အီရန်၊ အီရတ်၊ ယီမင်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် အမေရိကန်တို့ထံ တင်ပို့သည်။ 

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ဘာစမာတီစပါးများကို စိုက်ပျိုးသူ Sukrampal Beniwal က "ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်တဲ့ စပါးပုံကြီးကို ကျွန်တော်တို့ ငေးကြည့်နေရပါတယ်" ဟု ပြောကြားသည်။

“ကျွန်တော်တို့ စပါးတွေ ရိတ်သိမ်းပြီးပြီ၊ ဒါပေမဲ့ ဝယ်သူ မရှိဘူး' ဟု သူက ပြောသည်။

လယ်သမားများသည် ဇွန်ဇူလိုင်တွင် စတင်စိုက်ပျိုးကြပြီး အောက်တိုဘာတွင် ရိတ်သိမ်းကြသည်။

စတင်ရိတ်သိမ်းစဉ်မှာပင် စပါးဈေးများ ထိုးကျလာနေသည်။ ရိတ်သိမ်းပြီးချိန်တွင် စပါး ဈေးနှုန်းသာ ရှိသည်၊ ဝယ်ယူ မရှိချေ။ 

 

ဘာစမာတီဆန်ကို ပြည်တွင်း စားသုံးမှု အနည်းအကျဉ်းသာ ရှိသည်။ အစိုးရကလည်း အရန်ဆန်အတွက် ဘာစမာတီဆန်ကို မဝယ်ချေ။

 

အစိုးရက MEP ချမှတ်ပြီးကတည်းက ဘာစမာတီ စပါးဈေးသည် ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း ကုန်သည်များက ပြောသည်။

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Monday, 23 October 2023 19:30
Rate this item
(0 votes)