India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 2023 Feb 18

  • ဗီယက်နမ်သည် ပြည်တွင်း၌ သိုလှောင်မှု လက်ကျန်နည်းနေသော်လည်း ဆန်တန်ချိန် ၆ သန်း တင်ပို့မည်ဖြစ်သည်။

  • ထိုင်းဆန် ယခုတစ်ပတ်အတွင်း ဘတ်ငွေ ကန်ဒေါ်လာလဲနှုန်း ကျဆင်းမှုနှင့် အဝယ်အေးနေခြင်းကြောင့် ဈေးနှုန်းများ ကျဆင်းလာသည်။  တစ်လကျော်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ခြင်း ဖြစ်သည်။

  • အိန္ဒိယဆန် ၂ နှစ်တာအတွင်း ဈေးနှုန်းအမြင့်ဆုံး‌သို့ ရောက်ရှိနေသော်လည်း အဝယ်လိုက်နေဆဲ ဖြစ်သည်။

 

 ၅% ဆန်ကွဲပါ ထိုင်းဆန် <RI-THBKN5-P1> အမျိုးအစား ခေါ်ဈေး တစ်တန်လျှင် ယခင်အပတ်က $480 - $490 ရှိခဲ့ပြီး ယခုအပတ် $460 - $465 သို့ ဈေးကျသည်။

"ဘတ်ငွေက အားပျော့လို့ ဆန်ဈေးကျသွားတယ်။ အဝယ်အေးနေတယ်။ ကြီးကြီးမားမား အမှာစာ မရရှိသေးပါဘူး" ဟု ဘန်ကောက်မှ ကုန်သည်တစ်ဦးက ပြောသည်။

ဧပြီလတွင် ဆန်သစ်များ လှိုင်လှိုင်ဝင်မည် ဖြစ်သည်။

.

 

၅% ဆန်ကွဲပါ အိန္ဒိယ ပေါင်းဆန် <RI-INBKN5-P1> အမျိုးအစား ယခင်အပတ်အတိုင်း ဈေးငြိမ်နေသည်။ ခေါ်ဈေး တစ်တန်လျှင် $395 - $402 ရှိသည်။

မကြာသေးမီကစ၍ ဈေးနှုန်းများ မြင့်တက်နေသော်လည်း ထိုင်းဆန်၊ ဗီယက်နမ်ဆန်တို့ထက် ဈေးသက်သာနေဆဲ ဖြစ်သဖြင့် ဝယ်လက်များသည် အိန္ဒိယဆန်ကို ဆက်လက်ဝယ်ယူနေကြသည်။

 

 

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် <RI-VNBKN5-P1> အမျိုးအစား ယခင်အပတ်အတိုင်း ဈေးငြိမ်နေသည်။ ခေါ်ဈေး တစ်တန် $455-$460 ရှိသည်။

တရုတ်နှင့် အင်ဒိုနီးရှားတို့က အရန်ဆန်သိုလှောင်ရေးအတွက် ဝယ်ယူနေကြသဖြင့် ဆန်ဈေးနှုန်းများ အမြင့်မှာ ဆက်ရှိနေဦးမည်။

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Saturday, 18 February 2023 14:10
Rate this item
(0 votes)