India
ထားဝယ်ရိုးရာအခေါ် မုန့်လက်သုပ်
ထားဝယ်မုန့်လက်သုပ်ကို နေ့လည်၊ နေ့ခင်းနဲ့ ညနေပိုင်းတွေမှာ သောက်ရတာ အလွန်အရသာရှိပါတယ်။
ဒီကနေ့တော့ ထားဝယ်ရိုးရာအခေါ် မုန့်လက်သုပ်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္သာရီတိုင်း ကို သွားမှမဟုတ်ဘဲ အိမ်တွင်လည်း ကိုယ်တိုင်လုပ်စားလို့ပြီး လွယ်ကူစေတဲ့ မုန့်လက်သုပ် လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ငါး၊ မုန့်ဖတ်၊ ဆား၊ နနွင်းမှုန့်၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်နီ၊ ပအုန်းရည်၊ ငရုတ်သီးစိမ်း၊ ပဲပင်ပေါက်၊ နံနံပင်၊ ငရုတ်သီးမှုန့်၊ သံပရာသီး၊ ဆီ တို့ ပါဝင်ပါမယ်။
ပထမဦးဆုံး ပင်လယ်ငါးတစ်မျိုးမျိုးကို ရေဆေးသန့်စင်ပြီးလျှင် ငါးကို အတုံးကြီးကြီးတုံးထားပါ။ ပြီးလျှင် ဆားနယ်ပြီး ပအုန်းရည် ထည့်ပြုတ်ပါ။ ကျက်ပြီဆိုလျှင် အအေးခံပြီး ငါးကို အရိုးနွှင်ပေးပါ။
ပြီးနောက် ကြက်သွန်ဖြူ၊ စပါးလင်၊ ချင်းကို ဆီသတ်ပြီး ပြန်ချက်ပေးပါ။ ပြီးလျှင် ကြက်သွန်နီအလုံးကြီးရင် နှစ်ခြမ်းခွဲထည့်၍ သေးလျှင် အလုံးလိုက်ထည့်ချက်လိုက်ပါ။ ရေပွက်ပွက်ဆူလာလျှင်တော့ မုန့်လက်သုပ်ဟင်းရည်ကို ရပါပြီ။
စားဖို့အတွက်ဆိုရင်တော့ ပန်းကန်လုံးထဲကို မုန့်ဖတ်ထည့် ဟင်းရည်ထည့်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ငရုတ်သီးမှုန့်၊ သံပုရာသီး၊ ကြက်သွန်နီးအစိမ်းလှီးထားတာလေးထည့်ပြီး သုံးဆောင်နိုင်ပါတယ်။