Fruits & Vegetables
စားသုံးဆီများကို ဈေးနှုန်း မြှင့်တင် ရောင်းချနေပါက တိုင်ကြားနိုင်
စားသုံးဆီများ ဝယ်ယူရာတွင် အမြင့်ဈေးဖြင့် ရောင်းချနေပါက စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ယမန်နေ့ ဩဂုတ်လ (၃၀) ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။
လက်လီဈေးကွက်အတွင်း စားသုံးဆီများ ဝယ်ယူရာတွင် ယခင်ဈေးနှုန်းအတိုင်း အမြင့်ဈေးဖြင့် ဆက်လက် ရောင်းချနေပါက ဝယ်ယူစားသုံးခြင်း မပြုရန်နှင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း အဆိုပါဌာနမှ အသိပေး ထုတ်ပြန်ထားခြင်း ဖြစ်သည်။
အဆိုပါ စားသုံးဆီကို ဈေးမြင့် ရောင်းချနေခြင်း ရှိပါက စားသုံးသူရေးရာ ဦးစီးဌာန၏
- Call Center ၁၅၃၅
- စားသုံးသူရေးရာဦးစီးဌာန Facebook Page နှင့်
- တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများ၏ Facebook Page များသို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။
Click Here > Myan Express Logistics
စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်း ဖြန့်ဖြူး ရောင်းချနေသည့် စားအုန်းဆီ လက်လီဈေးနှုန်းများ ကြီးမြင့်နေမှုအပေါ် ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးအတွက် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဆီတင်သွင်းသည့် ကုမ္ပဏီများနှင့် ညှိနှိုင်း၍ သက်သာသော ဈေးနှုန်းများဖြင့် ပို့ဆောင် ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည်။