India

×

Warning

JUser: :_load: Unable to load user with ID: 540


မရမ်းသီးငါးပိထောင်း

ကဲ စာဖတ်ပရိသတ်များအတွက် ထမင်းမြိန်စေမယ့်အပြင် မရမ်းသီးပေါ်တုန်းလေးပဲ

လုပ်စားနိုင်တဲ့ မရမ်းသီး ငါးပိထောင်းနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ မရမ်းသီး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ အာဝါးသီး၊ မျှင်ငါးပိ၊ ပုစွန်ခြောက်၊ ပဲဆီသန့် တို့ လိုအပ်ပါမယ်။

 

ပထမဆုံး မရမ်းသီးကို ထက်ခြမ်းခွဲပြီး အစေ့ထုတ်၍ ခပ်ပါးပါးလှီးထားပါ။ ပြီးလျှင် ရေဆေးပြီး ရေစင်အောင်လုပ်ထားပါ။



မျှင်ငါးပိကိုဇွန်းပြားလေးမှာကပ်ပြီးမီးကင်လိုက်ပါ။ ပြီးနောက် ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်တို့ကိုမွှေးနေအောင်လှော်ပေးပါ။

 

လှော်ထားတဲ့ ငရုတ်သီးအရောကို ဦးစွာညက်အောင်ထောင်းပါ။ ညက်သွားလျှင် မီးကင်ထားတဲ့ငါးပိထည့်ထောင်းပါ။

 

သမအောင်မွှေထောင်းပြီးပြီဆိုမှ ပါးပါးလှီးထားတဲ့ မရမ်းသီးတွေထည့်ထောင်းပါ။

 

နောက်ဆုံးမှ ဆား၊ ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်စွက်ပြီး အနည်းငယ်သမသွားအောင်ထောင်းပါ။

 

ဆီထည့်မှ ကြိုက်နှစ်သက်သူတွေအတွက်က ပဲဆီသန့်သန့်လေးလောင်းထည့်ပြီးမွှေပေးနိုင်ပါတယ်။


Read times Last modified on Tuesday, 18 September 2018 16:54
Rate this item
(1 Vote)