Korea
ကိုရီးယားအစားအစာ ချိုချဉ်အရသာ တော့ပိုကီ
*** Unicode ျဖင့္ဖတ္ရန္ ***
ကိုရီးယားအစားအစာ ချိုချဉ်အရသာ တော့ပိုကီ
ကိုရီးယားအစားအစာကြိုက်နှစ်သက်သူများအတွက် အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ တော့ပိုကီပြုလုပ်နည်းကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ဆန်မှုန့်၊ ကိုရီးယား ငရုတ်သီးဆော့၊ ပဲငံပြာရည်အနောက်၊ ဂေါ်ဖီ၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ နှမ်း၊ ကြက်ဥချောင်း၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးအကြော်မှုန့် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါးလှီးထားပါ။ မုန်လာဥနီကိုလည်း ရေဆေးပြီး အနည်းငယ်ခန့် အကွင်းလေးတွေလုပ်ပြီး ပါးပါးလှီးထားပါ။
Bakeries မုန့်ဖုတ်လုပ်ငန်းပေါင်း ၅၆၆ ခုကိုနှိပ်ပါ။
ကြက်သွန်အနီကို အခွံခွာပြီး မထူမပါး စိတ်ထားပါ။ ကြက်သွန်မြိတ်တွေကိုလည်း ရေဆေးပြီး လှီးထားပါ။
ပြီးနောက် ကိုရီးယားငရုတ်သီးဆော့ကို ဇလုံတစ်လုံးထည့်ပြီး ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးအကြော်မှုန့်ထည့်၍ သမအောင်မွှေထားပြီး ဖျော်ပေးထားပါ။
ပြီးရင်တော့ ဆန်မှုန့်ကို ရေအနည်းငယ်ထည့်၍ နယ်ပေးထားပါ။
ပြီးနောက် ကိုရီးယားတော့ပိုကီလို အချောင်းလေးတွေဖြစ်ရန် လက်ညိုးလောက်အရွယ်ပုံစံလေးတွေလုပ်ပြီး ရေနွေးပွက်ပွက်ဆူတဲ့အထဲမှာ ထည့်ပြီး ပြုတ်ပေးပါ။ အချောင်းလေးတွေ ရေပေါ်မှာပေါ်လာရင် ဆယ်လိုက်ပါ။
ပြီးလျှင် ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်နီမထူမပါးလှီးထားတာတွေကို နီရဲလာ သည်အထိကြော်ပေးပါ။
ပြီးနောက် ဂေါ်ဖီနဲ့မုန်လာဥနီကို နွမ်းသည်အထိ ကြော်ပေးပါ။ ပြီးရင်တော့ ပဲငံပြာရည်ထည့်လိုက်ပါ။ ရေအနည်းငယ် ထည့်လိုက်ပါ။ ပွက်လာရင် အပေါ်မှာ ဖျော်ထားတဲ့ ငရုတ်သီးဆော့ကို ထည့်ပေးပါ။ အရသာအတွက် ဟင်းခတ်မှုန့်ထည့်ပါ။
Read More >>>>> ကော်ဖီကျောက်ကျောလုပ်စားရအောင်
ငရုတ်သီးဆော့ထည့်ပြီးရင်ကြက်ဥချောင်းကို လှီးပြီး ထည့်လိုက်ပါ။ နောက်တော့ တော့ပိုကီတွေကိုထည့်ပြီး မိနစ်အနည်းငယ်ခန့် မွှေပေးထားပါ။
နောက်ဆုံးမှာတော့ တော့ပိုကီ ချိုချဉ်အရသာလေးကို ပန်းကန်ထဲထည့်ပြီး အပေါ်ကနေ ကြက်သွန်မြိတ်နှင့် နှမ်းထည့်ပြီးရင်တော့ အရသာရှိတဲ့ ကိုရီးယားအစားအစာ တော့ပိုကီကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။
Myanmar Food Industry Directory (WWH)
ကိုရီးယားအစားအစာ ခ်ဳိခ်ဥ္အရသာ ေတာ့ပိုကီ
ကိုရီးယားအစားအစာႀကိဳက္ႏွစ္သက္သူမ်ားအတြက္ အိမ္တြင္ လြယ္လင့္တကူ ျပဳလုပ္ႏိုင္တဲ့ ေတာ့ပိုကီျပဳလုပ္နည္းကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။
ပါဝင္ပစၥည္းေတြကေတာ့ ဆန္မႈန္႕၊ ကိုရီးယား င႐ုတ္သီးေဆာ့၊ ပဲငံျပာရည္အေနာက္၊ ေဂၚဖီ၊ မုန္လာဥနီ၊ ၾကက္သြန္နီ၊ ၾကက္သြန္ၿမိတ္၊ ႏွမ္း၊ ၾကက္ဥေခ်ာင္း၊ ဆား၊ ဟင္းခတ္မႈန္႕၊ င႐ုတ္သီးအေၾကာ္မႈန္႕ တို႕ လိုအပ္ပါမယ္။
ပထမဦးဆံုး ေဂၚဖီကို ေရေဆးၿပီး ခပ္ပါးပါးလွီးထားပါ။ မုန္လာဥနီကိုလည္း ေရေဆးၿပီး အနည္းငယ္ခန္႕ အကြင္းေလးေတြလုပ္ၿပီး ပါးပါးလွီးထားပါ။
Bakeries မုန္႔ဖုတ္လုပ္ငန္းေပါင္း ၅၆၆ ခုကုိႏွိပ္ပါ။
ၾကက္သြန္အနီကို အခြံခြာၿပီး မထူမပါး စိတ္ထားပါ။ ၾကက္သြန္ၿမိတ္ေတြကိုလည္း ေရေဆးၿပီး လွီးထားပါ။
ၿပီးေနာက္ ကိုရီးယားင႐ုတ္သီးေဆာ့ကို ဇလံုတစ္လံုးထည့္ၿပီး ဆား၊ ဟင္းခတ္မႈန္႕၊ င႐ုတ္သီးအေၾကာ္မႈန္႕ထည့္၍ သမေအာင္ေမႊထားၿပီး ေဖ်ာ္ေပးထားပါ။
ၿပီးရင္ေတာ့ ဆန္မႈန္႔ကို ေရအနည္းငယ္ထည့္၍ နယ္ေပးထားပါ။
ၿပီးေနာက္ ကိုရီးယားေတာ့ပိုကီလို အေခ်ာင္းေလးေတြျဖစ္ရန္ လက္ညဳိးေလာက္အရြယ္ပုံစံေလးေတြလုပ္ၿပီး ေရေႏြးပြက္ပြက္ဆူတဲ့အထဲမွာ ထည့္ၿပီး ျပဳတ္ေပးပါ။ အေခ်ာင္းေလးေတြ ေရေပၚမွာေပၚလာရင္ ဆယ္လိုက္ပါ။
ၿပီးလွ်င္ ဆီအနည္းငယ္ထည့္ၿပီး ၾကက္သြန္နီမထူမပါးလွီးထားတာေတြကို နီရဲလာ သည္အထိေၾကာ္ေပးပါ။
ၿပီးေနာက္ ေဂၚဖီနဲ႔မုန္လာဥနီကို ႏြမ္းသည္အထိ ေၾကာ္ေပးပါ။ ၿပီးရင္ေတာ့ ပဲငံျပာရည္ထည့္လိုက္ပါ။ ေရအနည္းငယ္ ထည့္လိုက္ပါ။ ပြက္လာရင္ အေပၚမွာ ေဖ်ာ္ထားတ့ဲ င႐ုတ္သီးေဆာ့ကို ထည့္ေပးပါ။ အရသာအတြက္ ဟင္းခတ္မႈန္႕ထည့္ပါ။
Read More >>>>> ေကာ္ဖီေက်ာက္ေက်ာလုပ္စားရေအာင္
ငရုတ္သီးေဆာ့ထည့္ၿပီးရင္ၾကက္ဥေခ်ာင္းကို လွီးၿပီး ထည့္လိုက္ပါ။ ေနာက္ေတာ့ ေတာ့ပိုကီေတြကိုထည့္ၿပီး မိနစ္အနည္းငယ္ခန္႕ ေမႊေပးထားပါ။
ေနာက္ဆံုးမွာေတာ့ ေတာ့ပိုကီ ခ်ဳိခ်ဥ္အရသာေလးကို ပန္းကန္ထဲထည့္ၿပီး အေပၚကေန ၾကက္သြန္ၿမိတ္ႏွင့္ ႏွမ္းထည့္ၿပီးရင္ေတာ့ အရသာရွိတဲ့ ကိုရီးယားအစားအစာ ေတာ့ပိုကီကို ၿမိန္ယွက္စြာ သံုးေဆာင္ႏိုင္ပါတယ္။
Myanmar Food Industry Directory (WWH)