Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားထမင်းလုံး

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် ကလေးများအကြိုက် ကိုရီးယားထမင်းလိပ်ကို

အလိပ်မလုပ်တော့ဘဲနဲ့ ကိုရီးယားထမင်းလုံးပုံစံလေးဖြစ်အောင် ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ထမင်းပူပူ ကြက်သား၊ ရေညှိဖတ်၊ သခွားသီး၊ မုန်လာဥနီ၊ ပြောင်းဖူး၊ ဆား ၊ ဆီ၊ နှမ်းဆီ၊ နှမ်း တို့ လိုအပ်ပါမယ်။

 

ကြက်သားကို ရေဆေးသန့်စင်ပြီး သေးသေးနုပ်နုပ်လေးတွေဖြစ်အောင်ပြုလုပ်ပါ။ ပြီးလျှင် အပေါ့အငံ ထည့်နယ်ပါ။ ပြီးနောက် ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ပြီးကြော်ကာ ဆီစစ်ထားရပါမယ်။

 

အသီးအရွက်များဖြစ်တဲ့ သခွားသီး၊ မုန်လာဥနီ အစရှိတဲ့ ကြိုက်နှစ်သက်ရာ ထည့်လိုသော အသီးအနှံများကို သေးသေးနုပ်နုပ်လေးတွေ ဖြစ်အောင်လှီးထားပါ။

 

ပြောင်းဖူးနှင့် ပဲစိမ်းစေ့ကို အရင်ပြုတ်လိုက်ပါ။ ပြီးလျှင် ဆီ အနည်းငယ်၊ ဆား အနည်းငယ်မျှ ထည့်ကာ ပူတယ်ဆိုယုံမျှ တစ်ချက်နှစ်ချက် မွှေကြော်ပြီး ဇကာဖြင့် ဆီ စစ်ထားရပါမယ်။

 

ပြီးနောက် ချက်ထားပြီးကာစ ထမင်းပူပူထဲကို ဆားအနည်းငယ် ထည့်ပါ။ ညှပ်ထားတဲ့ရေညှိဖတ်ကို ထည့်လိုက်ပါ။ နှမ်းဆီ အနည်းငယ် ဆမ်းပါ။ ပြောင်းဖူး၊ ပဲစိမ်းစေ့ တို့ထည့်ကာ ခပ်ဖွဖွလေး နယ်ပေးရပါမယ်။

 

ထို့နောက် အပေါ့၊ အငံ အရသာ မြည်းကြည့်ကာ အရသာ အနေတော် ဖြစ်ပါက အလုံးလေးတွေ စပြီး လုံးလို့ ရပါပြီ။

 

လုံးပြီးပြီဆိုပါက နှမ်းလေးကို အပေါ်မှ ဖြူးပေးလိုက်လျှင်တော့ အရသာရှိပြီး ကလေးများအကြိုက် ကိုရီးယားထမင်းလုံးလေးများကို အသင့်သုံးဆောင်နိုင်ပါတယ်။



Read times Last modified on Monday, 17 September 2018 15:11
Rate this item
(1 Vote)