Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မာလာဟင်းချက်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင် ၀ယ်စားစရာမလိုဘဲ ပိတ်ရက် မိသားစုဆုံတုန်းလေး

အိမ်တွင်လည်း ပြုလုပ်နိုင်တဲ့ မာလာဟင်း ချက်နည်းကို တင်ပြပေးလိုက်ပါတယ်။

 

ပါဝင်သည့်အမယ်များကတော့ ဟင်းသီးဟင်းရွက် အစုံ၊ ကြာစွယ်၊ မာလာခေါက်ဆွဲ၊ ကြွက်နားရွက်မှို၊ မုန်လာဥနီ၊ ပဲပြား၊ ငုံးဥတို့ ပါဝင်ရမှာဖြစ်ပါတယ်။

 

မာလာဟင်း အနှစ်ပြုလုပ်ရန်အတွက် မာလာဟင်းအနှစ်ထုပ်၊ ငရုတ်သီးမှုန့်၊ ကြက်သားချောင်း၊ မာလာခေါက်ဆွဲ အဖြူ၊ အညို၊ အစိမ်း ကြိုက်နှစ်သက်ရာ ၂ မျိုးကို ထည့်နိုင်ပါတယ်။

 

ပထမဆုံး မာလာခေါက်ဆွဲ ၃ မျိုးရှိသည့်အထဲမှ အစိမ်းရောင် ခေါက်ဆွဲကို မိနစ်အနည်းငယ်ခန့် ရေစိမ်ထားပါ။

 

မာလာခေါက်ဆွဲအညိုနှင့် ခေါက်ဆွဲအဖြူကို ဟင်းထဲ ထည့်ရုံအနည်းငယ် သီးသန့်စီ ခေါက်ဆွဲကျက်သည်အထိ ရေဖြင့် ပြုတ်ပေးပါ။ ပြုတ်ပြီးလျှင် ပြန်အအေးခံပြီး ဇကာဖြင့် ပြန်ဆယ်ထားပါ။

 

မာလာဟင်းအတွက် ဒယ်ထဲ ဆီ ထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသတ်ပါ။ ဆီသတ်ပြီးလျှင် ငရုတ်သီး အရောင်တင်မှုန့် ထည့်ပြီး မာလာဟင်းအနှစ်ထုပ် ထည့်ပြီး ရေအနည်းငယ်ထည့်ပါ။

 

ပြီးနောက် အရသာအတွက် ငံပြာရည်၊ ကြက်သားမှုန့်တို့ ထည့်ပြီး ရေဆူလာသည်အထိ တည်ထားပါ။

 

မာလာဟင်းရည် ဆူလာလျှင် ကြက်သားချောင်း၊ ငါးသားလုံး၊ မုန်လာဥနီ၊ ကြာစွယ် တို့ကို အရင်ထည့်ပြီး မိနစ်အနည်းငယ်ခန့် တည်ထားပါ။

 

ပြီးလျှင် နူးလွယ်သော ပဲပြား၊ ရွှေပဲသီး တို့ကို ထည့်ပြီး မိနစ်အနည်းငယ် ထပ်တည်ထားပါ။ ပြီးနောက် ကန်စွန်းရွက်၊ မုန့်ညှင်းစိမ်း၊ ခေါက်ဆွဲ၊ မြေပဲထောင်းတို့ကို ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။

 

ရေအနည်းငယ်ကျန်လျှင် အရသာ အပေါ့အငံမြည်းပြီး အနေတော်ဆိုလျှင် အပေါ်မှ ကြက်သွန်မြိတ်၊ နှမ်းဆီ၊ နှမ်း တို့ကို ဖြူးပြီး မီးဖိုပေါ်မှချပြီး မာလာဟင်းကို ထမင်းဖြူဖြင့် တွဲဖက်စားသုံးနိုင်ပါတယ်။

Read times Last modified on Thursday, 13 September 2018 18:00
Rate this item
(1 Vote)