Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မိုင်းယုမြို့ မိုးအစေ့ထုတ်ပြောင်းများ စတင်ရိတ်သိမ်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် တောင်သူတို့၏ မိုးဦးစိုက် အစေ့ထုတ်ပြောင်းများ ရင့်မှည့်လာ၍ အထွက်နှုန်းနှင့် အမြတ်များများရရှိရန်အတွက် စတင်ရိတ်သိမ်း ဆွတ်ခူးနေကြပြီဖြစ်သည်။

 

corn.jpg

မိုင်းယုဒေသတွင် ဒေသခံတောင်သူများမှာ ပြောင်းကို တန်ခူးလဆန်းပိုင်း(သင်္ကြန်မိုးဦး) ကျသည်နှင့် စတင်စိုက်ပျိုးကြပြီး ပြောင်းမျိုးများမှာ Cp.888၊ ယိုးဒယား 288၊ F.888 နှင့် Cp.222 မျိုးများကိုသာ အဓိကအားထားစိုက်ပျိုးကြကြောင်း၊ ယခုနှစ် မိုးအစေ့ထုတ်ပြောင်း စိုက်ဧကမှာ ၂၂၉၀ ဧက ကျော် စိုက်ပျိုးထားကြောင်း သိရသည်။

အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီဟူ၍ တစ်နှစ်လျှင် နှစ်ရာသီသာ စိုက်ပျိုးလျက်ရှိပြီး ယခုနှစ် တစ်သျှူးငှက်ပျောစိုက်မြေနေရာများတွင်ပါ အစားထိုးကာ တိုးချဲ့စိုက်ပျိုးထားလျက်ရှိကြောင်း၊ လက်ရှိ ပြောင်းတစ်ကီလိုလျှင် ငွေကျပ် ၃၁၂ ကျပ်ပေါက်ဈေးရှိပြီး တစ်ဧကလျှင် တင်း ၈၀ ခန့်ထွက်ရှိမည်ဆိုပါက ငွေကျပ် ၆၂၄၀၀၀ ရရှိကာ ကုန်ကျစရိတ်မှာ ၃၅၈၀၀၀ သာကုန်ကျမည်ဖြစ်၍ အမြတ်ငွေ ၂၆၆၀၀၀ ကျပ် ရရှိမည်ဖြစ်ကြောင်း ပြောင်းစိုက်တောင်သူများထံမှ သိရသည်။

corn__2.jpg

 

အဆိုပါ အစေ့ထုတ်ပြောင်းများကို ပြည်တွင်း၌သာမက ပြည်ပသို့ တင်ပို့ရောင်းချရာတွင်လည်း နိုင်ငံတော်နှင့် တောင်သူများအတွက် အကျိုးပြုသည့် သီးနှံဖြစ်သောကြောင့် တောင်သူများအနေဖြင့် မိုးအစေ့ထုတ် ပြောင်းများကို မိုင်းယုဒေသတွင် များစွာတိုးချဲ့စိုက်ပျိုးနေလျက်ရှိကြောင်းနှင့် ယခင်နှစ်ထက် ပိုမိုအောင်မြင်ဖြစ်ထွန်းနေပြီး အထွက်နှုန်းများများရရှိရန်နှင့် အမြတ်ငွေများများရရှိရန်အတွက် စတင်ရိတ်သိမ်း ခူးဆွတ်နေကြပြီဖြစ်ကြောင်း သိရသည်။

corn__4.jpg

 

Read 912 times
Rate this item
(0 votes)