Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရခိုင်အစားအစာ သီးစုံရခိုင်လှော်ဟင်း

႔Unicode >>>>>

 

ရခိုင်အစားအစာ သီးစုံရခိုင်လှော်ဟင်း


ရခိုင်အစားအစာစားချင်သူများ ဆီမစားချင်သူများအတွက် အထူးသင့်လျော်တဲ့ သီးစုံရခိုင်လှော်ဟင်းချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


Fish & Prawn (Dried) Warehouses ငါးခြောက်၊ ပုစွန်ခြောက်ပွဲရုံ (၁၅၁) ခုကိုရှာရန်နှိပ်ပါ။


ပါဝင်ပစ္စည်းများကတော့ ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ခရမ်းသီး၊ ငရုတ်သီးစိမ်း၊ ငါးပိ၊ ပုစွန်ခြောက်တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ငရုတ်သီးစိမ်းကို အညှာချွေ ရေအနည်းငယ်ထည့်ပြီး နူးနေအောင် ပြုတ်ပေးထားပါ။


ပြီးလျှင် ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ခရမ်းသီးတို့ကို ရေဆေးပြီး တစ်တစ်ဆစ်ခန့် လှီးဖြတ်ထားပါ။


ပြီးနောက် ပြုတ်ထားတဲ့ ငရုတ်သီးများ နူးနေလျှင် ညက်အောင်ထောင်းပေးပါ။


Read More >>>>>    ထမင်းစားမြိန်စေမယ့် ဝက်ပုန်းရည်ကြီးဟင်း


ပြီးရင်တော့ တည်မည့်အိုးထဲသို့ လှီးဖြတ်ထားသော အသီးများအပြင် ငရုတ်သီးထောင်း၊ ပုစွန်ခြောက်၊ ငါးပိနှင့် ဟင်းခတ်မှုန့်တို့ထည့်၍ အဖုံးအုပ်ပြီး တည်ပေးထားပါ။


ပြီးလျှင် အဖုံးဖွင့်ပြီး မွှေပေးထားပါ။


ပြီးနောက် ငရုတ်ကောင်းမှုန့်လေးအနည်းငယ်ထည့်၍ မွှေပေးထားပါ။


ပြီးရင်တော့ အလွန်အရသာရှိတဲ့ စပ်စပ်လေး သီးစုံရခိုင်လှော်ဟင်းလေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။


#Myanmar Food Industry Directory

 

 

 

Home Page Food

 

ရခိုင္အစားအစာ သီးစုံရခိုင္ေလွာ္ဟင္း

 

ရခိုင္အစားအစာစားခ်င္သူမ်ား ဆီမစားခ်င္သူမ်ားအတြက္ အထူးသင့္ေလ်ာ္တဲ့ သီးစံုရခိုင္ေလွာ္ဟင္းခ်က္နည္းေလးကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

Fish & Prawn (Dried) Warehouses ငါးေျခာက္၊ ပုစြန္ေျခာက္ပြဲရံု (၁၅၁) ခုကိုရွာရန္ႏွိပ္ပါ။

 

ပါဝင္ပစၥည္းမ်ားကေတာ့ ႐ံုးပတီသီး၊ ပဲေတာင့္ရွည္၊ ခရမ္းသီး၊ င႐ုတ္သီးစိမ္း၊ ငါးပိ၊ ပုစြန္ေျခာက္တို႕ လိုအပ္ပါမယ္။

 

ပထမဦးဆံုး င႐ုတ္သီးစိမ္းကို အညွာေခြ် ေရအနည္းငယ္ထည့္ၿပီး နူးေနေအာင္ ျပဳတ္ေပးထားပါ။

 

ၿပီးလွ်င္ ႐ံုးပတီသီး၊ ပဲေတာင့္ရွည္၊ ခရမ္းသီးတို႕ကို ေရေဆးၿပီး တစ္တစ္ဆစ္ခန္႕ လွီးျဖတ္ထားပါ။

 

ၿပီးေနာက္ ျပဳတ္ထားတဲ့ င႐ုတ္သီးမ်ား ႏူးေနလွ်င္ ညက္ေအာင္ေထာင္းေပးပါ။

 

Read More >>>>>    ထမင္းစားၿမိန္ေစမယ့္ ဝက္ပုန္းရည္ႀကီးဟင္း

 

ၿပီးရင္ေတာ့ တည္မည့္အိုးထဲသို႕ လွီးျဖတ္ထားေသာ အသီးမ်ားအျပင္ င႐ုတ္သီးေထာင္း၊ ပုစြန္ေျခာက္၊ ငါးပိႏွင့္ ဟင္းခတ္မႈန္႕တုိ႕ထည့္၍ အဖံုးအုပ္ၿပီး တည္ေပးထားပါ။

 

ၿပီးလွ်င္ အဖံုးဖြင့္ၿပီး ေမႊေပးထားပါ။

 

ၿပီးေနာက္ င႐ုတ္ေကာင္းမႈန္႕ေလးအနည္းငယ္ထည့္၍ ေမႊေပးထားပါ။

 

ၿပီးရင္ေတာ့ အလြန္အရသာရွိတဲ့ စပ္စပ္ေလး သီးစံုရခိုင္ေလွာ္ဟင္းေလးကို ထမင္းပူပူေလးနဲ႕ ၿမိန္ယွက္စြာ တည္ခင္းသံုးေဆာင္ႏိုင္ပါတယ္။

 

#Myanmar Food Industry Directory

Read times Last modified on Friday, 13 March 2020 16:49
Rate this item
(0 votes)