Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မွန်ရိုးရာ သင်္ကြန်ထမင်းချက်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ မကြာမီ သင်္ကြန်အချိန်ကာလရောက်လာမည့်အချိန်

ပူပြင်းတဲ့နွေရာသီတွင် ရင်အေးပြီး ထမင်းမြိန်စေတဲ့ မွန်ရိုးရာ သင်္ကြန်ထမင်းချက်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဆန်၊ ငါးရံ့ခြောက်၊ ကြက်သွန်နီ၊ ငရုတ်သီးပွရှည်၊ သရက်သီး၊ သကြား၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ဆား၊ ဆီ၊ ငရုတ်ကောင်းမှုန့်တို့ လိုအပ်ပါမယ်။

 

သင်္ကြန်ထမင်းအတွက်ကတော့ ဆန်ကို ရေများများနှင့် ချက်ထားပါ။ ပြီးနောက် ရေသွန်ပြီး ထမင်းကို ဇကာဖြင့် စစ်ထားပြီး ရေအေးနှင့် သေချာစွာဆေးထားပါ။ တချို့က ထမင်းကို ပြန်နှပ်ပြီး တချို့က ပြန်မနှပ်ပါ။

 

ငါးရံ့ခြောက်ကြော်အတွက် ငါးရံ့ကို တစ်နာရီခန့် ရေစိမ်ထားပါ။ ပြီးလျှင် အသားများကို နွှင်ထားပြီးထောင်းထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။

 

ပြီးလျှင် ဒယ်အိုးကို မီးဖိုပေါ်တင် ဆီထည့်အပူပေးပြီး ဆီပူလာလျှင် နနွင်းမှုန့်ထည့်ပြီး ပါးပါးလှီးထားသော ကြက်သွန်နီထည့်ပါ။

 

ကြက်သွန်နီကျက်လျှင် ငါးခြောက်ထောင်းထည့်ပါ။ အနံ့မွှေးလာလျှင် သရက်သီး အမျှင်ခြစ်ပြီး ထည့်ကြော်ပါ။ ရေအနည်းငယ်ထည့်ပါ။

 

အရသာကို လိုအပ်သလိုမြည်းပြီး နူးလာလျှင် ချိုချိုချဉ်ချဉ် အရသာလေးနှင့် သုံးဆောင်နိုင်ပါတယ်။

 

ဖယောင်းသင်းရည် လုပ်တော့မည်ဆိုလျှင် ရေအိုးနှင့် စတီးအဖုံးတစ်ခုယူပါ။ စတီးအဖုံးပေါ်တွင် ဖယောင်းတိုင်ထွန်းလိုက်ပါ။ ပြီးလျှင် ရေအိုးနဲ့အုပ်ထားပါ။

 

ဖယောင်းတိုင်မီးငြိမ်းလောက်မည့်အချိန်တွင် အဖုံးဖွင့်ပြီး ဖယောင်းငွေ့မပျောက်ခင် ရေထည့်ပြီး ပြန်ပိတ်ထားပေးပါ။ တစ်နာရီလောက်ဆိုလျှင် ဖယောင်းသင်းရည်ကို ရပါပြီ။

Read times Last modified on Thursday, 13 September 2018 17:59
Rate this item
(1 Vote)