Myanmar
မျှစ်ပုစွန်သောက်ဆမ်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူ ချက်ပြုတ်နိုင်ပြီး
အရည်သောက် စားချင်သူများအတွက် မျှစ်ပုစွန်သောက်ဆမ်းချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ မျှစ်နုနု၊ ပုစွန်အလတ်စား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအစိမ်းမှုန့်၊ နနွင်းမှုန့်၊ မန်ကျည်းရည်၊ ငံပြာရည်၊ ဆီ၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။
ပထမဆုံး ပုစွန်ကို အခွံနွှာ ရေဆေးသန့်စင်ပြီး ဆား၊ ဟင်းခတ်မှုန့်တို့နှင့် ရောနယ်ထားပါ။
မျှစ်ကို ကိုယ်ကြိုက်နှစ်သက်တဲ့ အရွယ်တော်အတုံးကလေးတွေလှီးပြီး ရေနွေးဆူဆူမှာ မိနစ်အနည်းငယ်ခန့်ပြုတ်ပြီး ရေကို သွန်လိုက်ပါ။
ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကို ညက်အောင်ထောင်းထားပါ။ မန်ကျည်းသီးကို ရေဖွဖွဆေးထားပြီး ရေစိမ်ထားပါ။
ပြီးလျှင် ဒယ်အိုးထဲကို ဆီထည့်၊ ဆီပူလာလျှင် ညက်အောင်ထောင်းထားတဲ့အရာများထည့်လိုက်ပါ။ ပြီးနောက် နနွင်းမှုန့်၊ ငရုတ်သီးအစိမ်းမှုန့်တို့နဲ့ ရော၍ ဆီသတ်ပေးပါ။
ကြက်သွန်များနွမ်းသွားရင် ငံပြာရည်ထည့်လိုက်ပါ။ အနံ့မွှေးလာရင် ပြုတ်ထားသော မျှစ်များကို ရေစစ်၍ ထည့်ပြီး မိနစ်အနည်းငယ် လုံးချက်ချက်ထားပါ။
မျှစ်အနံ့မွှေးလာရင် ရေထည့်ပြီး အဖုံးအုပ်ထားနိုင်ပါတယ်။ ရေပွက်ပွက်ဆူလာရင် မန်းကျည်ရည်ထည့်လိုက်ပါ။
မန်ကျည်းသီးစိမ်းနံ့ပျောက်ရင် ဆား၊ ဟင်းခတ်မှုန့်တို့နဲ့အတူ ပုစွန်များထည့်လိုက်ပါ။
ပုစွန်ကျက်ရင် အရသာကို မိမိစိတ်ကြိုက် လိုအပ်သလို ပြုပြင်နိုင်ပါတယ်။ စိတ်ကြိုက်အနေအထားရပြီဆိုရင်တော့ မျှစ်ပုစွန်သောက်ဆမ်းဟင်းကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။