Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


နွားနို့နှင့်ပြောင်းဖူးကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ပြောင်းဖူးကြိုက်သည့်

ကလေးရောလူကြီးတွေအတွက် လုပ်ရတာ လွယ်ကူပြီး အရသာရှိတဲ့ နွားနို့နှင့် ပြောင်းဖူးကြော်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ နွားနို့၊ ပြောင်းဖူး၊ သကြား၊ ဆားနှင့် ဆီတို့ လိုအပ်ပါမယ်။

 

အရင်ဆုံး ပြောင်းဖူးကို ဓားဖြင့် ပါးပါးလှီးထားပါ။ ပြီးလျှင် ဒယ်အိုးကို မီးဖိုပေါ်တင် ဆီထည့်ပါ။ ဆီဆူရင် လှီးထားတဲ့ပြောင်းဖူးကို ထည့်လိုက်ပါ။

 

ပြီးနောက် နွားနို့ကို ထည့်လိုက်ပါ။ အရသာအတွက် သကြားနှင့် ဆားအနည်းထည့်လိုက်ပါ။

 

ထည့်ပြီးရင် မီးကို အရှိန်မမြှင့်ဘဲ ပြောင်းဖူးကို မွှေထားပါ။ မမွှေရင် အိုးကပ်တတ်ပါတယ်။ ပြီးနောက် ဆီထွက်လာပြီဆိုလျှင် အရသာရှိတဲ့ နွားနို့နှင့် ပြောင်းဖူးကြော်လေးကို သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Thursday, 13 September 2018 17:57
Rate this item
(2 votes)