Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အခြေခံစားသောက်ကုန်များ တန်ဖိုးမြှင့်ရောင်းချနိုင်ရေးအတွက် Greenhouse တည်ဆောက်စိုက်ပျိုး

အခြေခံစားသောက်ကုန်များ တန်ဖိုးမြှင့်ရောင်းချနိုင်ရေးအတွက် Greenhouse တည်ဆောက်စိုက်ပျိုး mdn.gov

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ အခြေခံ စားသောက်ကုန်များဖြစ်သည့်

ဟင်းသီးဟင်းရွက်များ တန်ဖိုးမြှင့်ရောင်းချနိုင်ရေး အတွက် Greenhouse တည်ဆောက်ပြီး စိုက်ပျိုးသည့်စနစ်ဖြင့် စမ်းသပ်စိုက်ပျိုး အောင်မြင် လျက်ရှိပါသည်။

 

“တန်ဖိုးနည်း Greenhouse တည်ဆောက်ဖို့ဆိုရင် လေထန်တဲ့ကုန်းကိုရှာပြီး တည်ဆောက်ဖို့လိုပါတယ်၊ လေထန်ရင် ပန်ကာတပ်စရာ မလိုတော့ဘူး တံခါးဖွင့်ပေးလိုက်ရင်ရပြီ၊ ဇကာတပ်ရင်တော့ အဝင်အထွက် တပ်ဖို့လိုပါတယ်၊ အပေါ်ကိုမိုးကာစ အုပ်ထားတော့ အပူချိန်မြှင့်စေတာပေါ့၊ ပြီးတော့ ကိုယ့်ဒေသမှာရှိတဲ့ ဝါးတွေနဲ့ဘဲ တည်ဆောက်ထားပါတယ် ကုန်ကျစရိတ်က ငါးသိန်း၊ ဆယ်သိန်း ဝန်းကျင်ပဲ။ ကိုယ်တိုင်တည်ဆောက်မယ်ဆို ကုန်ကျစရိတ် သုံးသိန်းကျော်လောက်ပဲ ကုန်တယ်၊ ဒီထဲမှာ စိုက်ပျိုးတဲ့ ကုန်စိမ်းသီးနှံတွေက ပိုးသတ်ဆေး ဖျန်းခြင်းမရှိဘူး၊ သဘာဝပိုးသတ်ဆေးတွေပဲ သုံးထားတဲ့ အတွက်ကြောင့် ရောဂါကင်းတာပေါ့ Greenhouse တည်ဆောက်ပြီး စိုက်ပျိုးမယ်ဆိုရင် တန်ဖိုးမြှင့် ရောင်းချနိုင်ပါတယ်” ဟု Greenhouse တည်ဆောက်ပြီး စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေသူ ဦးခွန်ဆန်းဦးက ပြောကြားခဲ့သည်။

 

ကုန်ကျစရိတ် သက်သာသည့် Greenhouse တစ်လုံး တည်ဆောက်လိုပါက လေထန်သည့် ကုန်းမြှင့်ကို အသုံးပြုရန် လိုကြောင်း၊ ဒေသထွက်ထုတ်ကုန်ဖြစ်သည့် ဝါးကိုအသုံးပြုနိုင်ကြောင်း နှင့် Greenhouse တည်ဆောက်သည့် နည်းပညာများ သိရှိလိုပါက လာရောက်ဆယ်သွယ်မေးမြန်း နိုင်ပါကြောင်း ဦးခွန်ဆန်းဦးကပြောကြားခဲ့သည်။

 

နောင်တရားမြို့၌ တည်ဆောက်ထားသည့် Greenhouse စိုက်ပျိုးရေးခြံတွင် နှမ်းရွက်၊ ဆလတ်ရွက်၊ မုန်ညှင်းဖြူနှင့် အခြားအခြေခံစားသောက်ကုန်များကိုလည်း စိုက်ပျိုးလျက်ရှိပြီး အောင်မြင်ဖြစ်ထွန်း လျက်ရှိပါသည်။

 

mdn

 

By Myanmar Food Guide

mdn.gov

Read times
Rate this item
(1 Vote)