Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မုန့်လုံးရေပေါ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ သင်္ကြန်တွင်းအလှူအတန်းလုပ်လို

သူများအတွက် မုန့်လုံးရေပေါ် လုပ်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ထန်းလျက်၊ အုန်းသီး တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ကောက်ညှင်းမှုန့်နှင့် ဆန်မှုန့်ကို လင်ဗန်းတစ်ခုထဲသို့ထည့်၍ ရောမွှေပေးပါ။

 

ရေကိုအနည်းငယ်ထည့်ပြီး မပျော့မမာ အနေထားထိ သမအောင် နယ်ထားပေးပါ။

 

ထန်းလျက်ခဲများကို အတုံးခပ်သေးသေး တုံးပေးပါ။ ပြီးလျှင် အုန်းသီးကို အုန်းခြစ်ဖြင့် ခြစ်ထားပါ။

 

ပြီးနောက် ထန်းလျက်ခဲများကို မုန့်ထဲ အစားသွပ်ပြီး မုန့်လုံးလေးများဖြစ်အောင် လုံးပေးပါ။

 

ပြီးလျှင်တော့ ဒယ်အိုးကြီးကြီးတစ်ခု ရေတစ်ဝက်ကျော်ကျော်ထည့်ပြီး မီးမီးပြင်းပြင်းဖြင့် အဖုံးအုပ်ပြီး တည်ထားပေးပါ။

 

ဒယ်အိုးထဲမှ ရေပွက်ပွက်ဆူလာလျှင် လုံးထားသော မုန့်လုံးများကို ဖြည်းဖြည်းခြင်း ထည့်ပေးပါ။

 

မုန့်လုံးများ သူ့အလိုလို ရေပေါ် ပေါ်လာမှ ဇကာလေးဖြင့်ဆယ်ပေးပြီး ရေထည့်ထားသော ခွက်ထဲ မုန့်လုံးရေပေါ်များကို ထည့်လိုက်ပါ။

 

ရေစစ်ရန်အတွက် ဇကာထဲ ပြန်ဆယ်ထည့်ထားပေးပါ။ ရေစစ်ပြီးလျှင် ငှက်ပျောရွက်ခင်းထားသော ပန်းကန်ထဲသို့ မုန့်လုံးရေပေါ်များ ထည့်လိုက်ပါ။

 

ခြစ်ထားသော အုန်းသီးများ ဖြူးလိုက်ပါ။ ပြီးနောက် သင်္ကြန်မုန့်လုံးရေပေါ်ကို စိတ်ကြိုက်စားသုံးနိုင်ပါပြီ။

 

Read times Last modified on Monday, 17 September 2018 13:21
Rate this item
(1 Vote)