Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်ဥ အကျက်လွန်လွန်းရင် ဘာတွေ ဖြစ်ကုန်သလဲ

ကြက်ဥတစ်လုံးကို ၅ မိနစ် ၁၀ မိနစ် ပြုတ်လိုက်ရင် မာပြီး ကျက်သွားတယ်။

နာရီအတန်ကြာအထိ ဆက်ပြုတ်ထားမယ်ဆိုရင် ရာဘာလို ဖြစ်လာပြီး အကျက်လွန်သွားတယ်ဆိုတာ ပြောပြဖို့ လိုမယ် မထင်ပါဘူး။  အဲဒီလို အဖြစ်ကို ရောက်ဖို့ အခွံထဲမှာ ဘာတွေ ဖြစ်ကုန်သလဲ။

 

ကြက်ဥတွေမှာ အသားဓာတ် ပရိုတင်း မော်လီကျူးတွေရဲ့ အခွေတွေ ရှိနေတယ်။ ပရိုတင်းတွေကို အပူပေးတော့ အခွေ ပြေကုန်တယ်။ ပရိုတင်းတွေ တွဲကြချိတ်ကြပြီး အလျား အနံ အမြင့် သုံးခုပါတဲ့ ရာဇမတ်ကွက် ပုံတွေ ဖြစ်သွားတယ်။ ငြမ်းဆင်တာနဲ့ ဆင်ဆင်တူတယ်။ 

.

 

ကြက်ဥအစိမ်းကနေ အသားအစိုင်အခဲ ဖြစ်သွားတယ်။ ရာဘာသားလိုဖြစ်ပြီး ကျက်တဲ့ ကြက်ဥ ဖြစ်သွားတယ်၊

ဆက်ပြုတ်ထားလိုက်ရင် အဲဒီလို ပရိုတင်းတွေ တွဲတာချိတ်တာ ဆက်လက် ဖြစ်ပေါ်တာကြောင့်  ကြက်ဥအသားက ပိုမာလာတယ်၊ ရာဘာလို ပိုဖြစ်လာတယ်။ ကြက်ဥအဖြူသားကနေ ဟိုက်ဒြိုဂျင် ဆာလဖိုက်တွေ ထုတ်လုပ်ပေးနေပြီး အနှစ်သားပေါ်မှာ ဖုံးအုပ်တယ်။ အဲဒီမှာ ဆာလဖာက အနှစ်သားထဲမှာ ပါတဲ့ သံဓာတ်နဲ့ ဓာတ်ပြုတယ်။ သံဆာလဖိတ် ဖြစ်သွားတယ်။ သံဆာလဖိတ်အလွှာက အနှစ်သားကို ဖုံးအုပ်တယ်။ အနှစ်သားနဲ့ အကာသားတို့အကြား ကြားခံ ကာပေးထားလိုက်တယ်။ 

အကာသား အဖြူကလည်း တူးတဲ့ဘက် အရောင်ပြောင်းတယ်။ ကြက်သွန်နီ ဆီသတ်ရင် အရောင်ပြောင်းတဲ့အတိုင်း ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ 

 

အစားအစာ သိပ္ပံပညာရှင် Shelly McKee က ကြက်ဥရဲ့ ဓာတုဗေဒကို လေ့လာထားသူ ဖြစ်ပါတယ်။ ကြက်ဥကို ကျက်သွားပြီးတဲ့နောက်မှာ ဆက်ပြုတ်ထားရင် အစိုဓာတ်တွေ စွန့်ထုတ်တယ်။ အဖြူရောင် အကာသား ပိုကျစ်သွားတယ်။ အကာသား အဖြူထဲမှာ ပါတဲ့ ပရိုတင်းတွေက အတူတကွ ချိတ်ကြတွဲကြတာမှာ ပိုနီးကပ်တင်းကျပ်လာတယ်။ ရေကို ညှစ်ထုတ်ပစ်တယ်။ ညှစ်ထုတ်ခံရတဲ့ရေက တိုးထွက်တော့ အပေါက်သေးသေးလေးတွေ အရာထင်ကျန်ရစ်တယ်။ 

ပွက်ပွက်ဆူနေတဲ့ ရေထဲမှာ ကြက်ဥအခွံက တော်တော် တောင့်ခံနိုင်တယ်။အခွံအတွင်းမှာ အလွှာပါးတစ်ထပ်ပါနေတာကြောင့်လည်း အခွံက အက်ကြောင်းပေါ်နေပေမဲ့ အလွှာပါးက တွဲပေးထားတယ်။  ဒါပေမဲ့ အတိုင်းအတာတစ်ခုအထိပဲ ဖြစ်ပါတယ်။ ဆက်ပြုတ်ထားရင် ကြက်ဥ အခွံနဲ့ အလွှာပါးတို့ ဆက်မထိန်းနိုင်တော့ဘဲ တစ်စစီ ဖြစ်ကုန်တယ်။ အထဲမှာ ရှိတဲ့ အနှစ်တွေ အကာတွေလည်း တစ်စစီ ဖြစ်ကုန်တယ်။ ပွက်ပွက်ဆူနေတဲ့ ရေမှာ ကူးခတ်နေကြတယ်။ ကြက်ဥစွပ်ပြုတ်အဖြစ်ကို ရောက်သွားတယ်။ အရသာကတော့ ကောင်းမှာ မဟုတ်ဘူး။

 

အခုလို ကြက်ဥကို အကြာကြီး ပြုတ်တာမှာ မိုက်ခရိုဝေ့ဖ် အာဗင်ထဲ ထည့်ပြုတ်တယ်ဆိုရင် ကြက်ဥထဲမှာ ထွက်ပေါ်တဲ့ ဓာတ်ငွေ့ကြောင့် ကြက်ဥက ဗုံးတစ်လုံးလို ပေါက်ကွဲထွက်တတ်ပါတယ်။

Read times
Rate this item
(1 Vote)