Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပသျှူးသာကူပြုလုပ်နည်း

ပသျှူးသာကူပြုလုပ်နည်း google.com

ဒီကနေ့တင်ပြမည့် အကြောင်းကတော့ မြန်မာ့နှစ်သစ်ကူးအချိန်အခါကာလ ရောက်ခါနားနီးလာပြီမို့

သင်္ကြန်တွင်း အိမ်တွင်လုပ်စားနိုင်တဲ့အပြင် အလှူအတန်းလုပ်ရာတွင်လည်း အဆင်ပြေစေမည့် ပသျှူးသာကူပြုလုပ်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ သာကူစေ့အစိမ်းရောင်ထုပ်၊ သကြား၊ အုန်းနို့နှစ်၊ ကန်စွန်းဥနှင့် ဆား တို့ လိုအပ်မှာဖြစ်ပါတယ်။

 

ပထမဦးဆုံး အိုးတစ်အိုးထဲသို့ ရေထည့်ပြီး ကန်စွန်းဥကို နူးအောင်ပြုတ်ထားပါ။ ကန်စွန်းဥ နူးသွားပြီးမှ အအေးခံပြီး အခွံနွှာထားပါ။ ပြီးရင် အတုံးလေးများဖြစ်အောင် တုံးထားပါ။

ပြီးနောက် သာကူကျိုထားပါ။ သာကူကျိုရန်အတွက် အိုးတစ်အိုးထဲသို့ ရေထည့်ပြီး မီးဖိုပေါ်တင်ထားပါ။ ရေပွက်ပွက်ဆူလာမှ သာကူစေ့များကိုထည့်လိုက်ပါ။ သာကူစေ့များ မပြဲအာင် ဂရုစိုက်ပြီး မွှေပေးထားပါ။ မမွှေပေးပါက သာကူစေ့များ ကပ်သွားပါလိမ့်မယ်။

 

ထို့နောက် သကြားထည့်ပါ။ သာကူကျက်ပြီဆိုလျှင် အတုံးတုံးထားသော ကန်စွန်းဥနှင့် အုန်းနို့နှစ်များထည့်ကာ ရောမွှေပေးပါ။

 

ပြီးလျှင်အပေါ်မှ အုန်းသီးလေးများဖြူး၍ ပသျှူးသာကူ ပူပူလေးကို အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:19
Rate this item
(2 votes)