Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စစ်ကိုင်းတိုင်းဒေသကြီးတွင် အစေ့ထုတ်ပြောင်းနှင့်ဖူးစားပြောင်း (၁၈၆၄၀၀) ဧကစိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီးတွင် အစေ့ထုတ်ပြောင်းနှင့်ဖူးစားပြောင်း (၁၈၆၄၀၀) ဧကစိုက်ပျိုးမည် Google

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၀)ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ် များတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် အစေ့ထုတ်ပြောင်းနှင့်ဖူးစားပြောင်း (၁၈၆၄၀၀) ဧကစိုက်ပျိုးသွားရန်လျာထားသည် ဟုစစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ တင်မာမာဦးထံ မှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အစေ့ထုတ်ပြောင်း (၂၈၂၀၀)ဧကနှင့် ဖူးစားပြောင်းကို (၁၅၈၂၀၀)ဧကကို စိုက်ပျိုး သွားရန်လျာထားသည်။

အစေ့ထုတ်ပြောင်း စစ်ကိုင်းခရိုင်အတွင်း (၁၅၇၇၇)ဧက၊ မုံရွာခရိုင်အတွင်း (၁၂၈၈)ဧက၊ ယင်းမာပင် ခရိုင်အတွင်း (၅၆၉)ဧက၊ ရွှေဘိုခရိုင်အတွင်း (၆၆၄)ဧက၊ ကန့်ဘလူခရိုင်အတွင်း (၃၈၄၈)ဧက၊ ကသာခရိုင် အတွင်း(၁၃၆၉)ဧက၊ ကလေးခရိုင်အတွင်း(၃၄၂၇)ဧက၊ မော်လိုက်ခရိုင်အတွင်း (၁၂၅၈)ဧကအား ယခု ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသွားမည်ဖြစ်သည်။

 

ဖူးစားပြောင်းကို စစ်ကိုင်းခရိုင်အတွင်း (၃၁၄၆၅)ဧက၊ မုံရွာခရိုင်အတွင်း (၁၇၇၉၄)ဧ၊ ယင်းမာပင်ခရိုင်အတွင်း ဖူးစားပြောင်း (၃၃၃၀၂)ဧက၊ ရွှေဘိုခရိုင်အတွင်း (၃၆၄၅၂)ဧက၊ ကန့်ဘလူ ခရိုင်အတွင်း (၂၇၃၇)ဧက၊ ကသာခရိုင်အတွင်း (၉၈၈၆)ဧက၊ ကလေးခရိုင်အတွင်း (၁၅၄၄၃)ဧက၊ မော်လိုက် ခရိုင်အတွင်း (၆၆၇၅)ဧက၊ တမူးခရိုင်အတွင်း(၁၂၉၀)ဧက၊ ခန္ဓီးခရိုင်အတွင်း(၂၀၅၅)ဧက၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း (၁၁၀၁)ဧကအား ယခုဘဏ္ဍာရေးနှစ် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသွားရန် လျာထားသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)