Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ပဲမျိုးစုံ၊ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ လျှော်ဖြူ အများဆုံးတင်ပို့နိုင်ခဲ့

ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင်

ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေးလျက်ရှိပါသည်။ အများဆုံးပို့ကုန်ပစ္စည်းများမှာ

ပဲမျိုးစုံ၊ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ လျှော်ဖြူ (ဆေးကုလားမ) တို့ဖြစ်ပြီး အများဆုံး သွင်းကုန်ပစ္စည်းများမှာ ဆောက်လုပ်ရေး

လုပ်ငန်းသုံးပစ္စည်းများ လျှပ်စစ်ပစ္စည်းများ၊ စက်နှင့် စက်အပိုပစ္စည်းများ ဆိုင်ကယ်အပိုပစ္စည်းများ၊ လိမ္မော်သီး၊ ချုပ်ပြီးအဝတ်အထည်များ လူသုံးကုန်ပစ္စည်းတို့ဖြစ်သည်။

 

မူဆယ် (၁၀၅) ပိုင် ကုန်သွယ်ရေးဇုန်များမှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင်

အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေးသောပင်ရင်း နိုင်ငံသက်သေခံ

လက်မှတ် Form E ကို တင်ပို့သူမှ တောင်းခံလာပါက စည်မျဉ်း၊ စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိသည်။

၂၇-၁၀-၂၀၂၂ ရက်နေ့တွင် Form E ထုတ်ပေးမှုမှာ ၁၃ စောင်ဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၇ ရက်အထိ Form E ၄၈၁‌ စောင် ထုတ်ပေးခဲ့သည်။

 

၂၇-၁၁-၂၀၂၂ ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ ၁၃၆ စီး၊ သွင်းကုန်ယာဉ်စီးရေ ၄၅ စီး စုစုပေါင်း ၁၈၁ စီး ကုန်သွယ်မှု

ဆောင်ရွက်ခဲ့ပြီး ယခုရက်ပိုင်းတွင် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ ရော်ဘာ၊ ဖရဲသီး၊ သခွားသီး အစရှိသည့် သီးနှံများ

တင်ပို့သည့် ကာလရောက်ရှိပြီဖြစ်၍ ပို့ကုန်ယာဉ်စီးရေများ ပိုမိုခဲ့သည်။ ၁-၁၁-၂၀၂၂ မှ ၂၇-၁၁-၂၀၂၂ ရက်အထိ ပို့ကုန်ယာဉ်အစီးရေ ၂၆၁၈ စီး၊ သွင်းကုန်ယာဉ်စီးရေ ၁၂၅၉ စီး ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

 

မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကို ယွမ်ငွေကြေား၊ ဒေါ်လာငွေကြေးများဖြင့်

ဆောင်ရွက်လျက်ရှိသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆန်တို့ကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်ပါဆောင်ရွက်ခွင့်ပြုပြီး၊ ဆန်၊ ဆန်ကွဲ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းဖြစ်သည့် ဂဏန်း၊ ငါးချဉ့်တို့ကို ယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source: The Mirror
Myanmar Food Industry Guide

Read times
Rate this item
(0 votes)