Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးပေါင်းထုပ်ပြုလုပ်နည်း

ငါးပေါင်းထုပ်ပြုလုပ်နည်း google.com

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူပြုလုပ်နိုင်တဲ့

ငါးပေါင်းထုပ်ပြုလုပ်နည်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ငါးကြင်း၊ ဆန်လှော်မှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်ပွ၊ ရဲယိုရွက်၊ စပါးလင်၊ ဟင်းချက်မှုန့်၊ ဟင်းခတ်မှုန့်၊ ဆားနှင့် နနွင်းမှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ငါးကို ရေစင်စင်ဆေးကြောပြီး အတုံးကလေးများတုံး၍ ဆားနှင့် ဟင်းခတ်မှုန့်တို့နယ်ထားပေးပါ။ ပြီးလျှင် စပါးလင်ကို ညက်အောင်ထောင်းပြီး ငါးနှင့် ရောမွှေထားပါ။

 

ရဲယိုရွက်များကို ရေဖြင့်စင်ကြယ်အောင် ဆေးကြောထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို အခွံနွှာပြီး ညက်အောင်ထောင်းထားသော ငရုတ်သီးများနှင့် သမအောင်ရောထောင်းထားပါ။

 

ဆားနယ်ထားသော ငါးအတုံးလေးများကို ဆန်လှော်မှုန့်၊ ထောင်းထားသောငရုတ်သီးများနှင့် သမအောင် ရောနယ်ထားပါ။

 

အပေါ့အငန်မြည်းပြီးရေစင်အောင် ဆေးထားသော ရဲယိုရွက်ထဲ ငါးတုံးလေးများထည့်ထုပ်ပါ။ ရဲယိုရွက်တစ်ရွက်ကို ငါးတုံးတစ်တုံးထုပ်ပါ။

 

၎င်းအထုပ်များကို ပေါင်းအိုးထဲ နာရီဝက်ကျော်ခန့် ပေါင်းထားပါ။ ငါးနူးပါက ရဲယိုရွက်များပါ နူးတာဖြစ်၍ အရသာ ထူးခြားကောင်းမွန်သော ငါးပေါင်းဟင်းတစ်ခွက်ကို ရရှိမှာဖြစ်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:19
Rate this item
(2 votes)