Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ချဉ်စပ် ငါးခြောက်ထောင်းကျော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူပြုလုပ်နိုင်ပြီး ထမင်းစားမြိန်စေမည့်

ငါးခြောက်ထောင်းကျော် ပြုလုပ်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

ငါးကွန်းရှပ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဟင်းချက်မှုန့်၊ ဆီ၊ နနွင်းမှုန့်၊ ဆား၊ သရက်ချဉ် တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ငါးခြောက်ကို ရေသန့်စင်ဆေးကြောပြီး နူးနေအောင် ပြုတ်ထားပါ။ နူးလာပါက အရိုးထွင်ရပါမယ်။ အသားထွင်ပြီးလျှင် ထောင်းထားပါ။

 

ပြီးလျှင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။

 

ပြီးနောက် ကြက်သွန်အနီ၊ ကြက်သွန်အဖြူ နှင့် ငရုတ်သီးမှုန့်ကို ဆီသတ်ပြီး ထောင်းထားသော ငါးခြောက်များကို ထည့်ကြော်ပါ။

 

ပြီးလျှင် သရက်ချဉ်ကိုပါ တစ်ခါတည်းရောကြော်လိုက်ပါက စားချင်စဖွယ် ချဉ်စပ်ငါးခြောက်ထောင်းကြော်ကို ရနိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:19
Rate this item
(1 Vote)