Myanmar



မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

၁၈ ၈ ၂၀၂၃

မန္တလေးဈေးကွက်ဆန်ပွဲရုံများတွင် ဆန်ဈေးနှုန်းအနေဖြင့်


● ရန်ကုန်ပေါ်ဆန်းမှာ ရန်ကုန် ဈေးကွက်မှ တဆင့်ဝင်ရောက်သောဆန်ဖြစ်ခြင်း၊ အသစ်မထွက်သေးခြင်းတို့ကြောင့် ယခင်အပတ် တစ်အိတ် ၁၂၀၀၀၀ ကျပ်မှ ၁၃၀၀၀၀ ကျပ်သို့လည်းကောင်း

● ရွှေဘိုပေါ်ဆန်းမှာလည်း ရွှေဘိုဒေသ တစ်ခုတည်းမှဝင်ရောက်ပြီး လက်ကျန်နည်းခြင်း၊ လှောင်သမားထံမှဝယ်ရခြင်းတို့ကြောင့် တစ်အိတ် ၁၃၀၀၀၀ ကျပ်မှ ၁၄၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

● မနောသုခဆန်မှာ မိုးစပါးမဝင်သေးခြင်း၊ လူလတ်တန်းစားအများသုံး ဆန်အဖြစ်ရှိစားသုံးမှု ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၈၀၀၀၀ ကျပ်မှ ၈၅၀၀၀ ကျပ်သို့ဈေးမြင့်သွားသည်။

● ငစိန်ဆန်မှာ ရန်ကုန်ဈေးကွက်မှ တဆင့်ဝင်ရောက်ခြင်း၊ အသစ်မဝင်သေးခြင်း၊ လုပ်ငန်း သမား အဝယ်ပုံမှန်ရှိခြင်းတို့ကြောင့် တစ်အိတ် ၆၀၀၀၀ ကျပ်မှ ၆၅၀၀၀ ကျပ်သို့ လည်းကောင်း

● ဇီယာဆန်မှာ လှောင်သမားထံမှ ဝယ်ရခြင်း၊ အဝေးမှာယူသောမြို့များသို့ တင်ပို့မှုရှိခြင်းကြောင့် တစ်အိတ် ၇၀၀၀၀ကျပ်မှ ၈၀၀၀၀ ကျပ်သို့ဈေးမြင့်သွားသည်။

● ဧရာမင်းဆန်မှာလည်း စိုက်ဧကနည်း၊ အထွက်နည်း၊ အဝင်နည်းခဲ့ခြင်း မြို့တွင်း စားသုံးမှု များခြင်း၊ လှောင်သမားထံမှဝယ်ရခြင်းတို့ကြောင့် တစ်အိတ် ၁၂၅၀၀၀ ကျပ်မှ ၁၃၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

 

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 18 August 2023 20:58
Rate this item
(0 votes)