Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးရံ့အူဆီပြန်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် ဆီပြန်ပြန်လေးနှင့် လွယ်လင့်တကူ

ချက်စားနိုင်တဲ့ ငါးရံ့အူဆီပြန်ဟင်းချက်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ငါးရံ့အူ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ဆီ၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ ငရုတ်ခြောက်တောင့်နှင့် နံနံပင်တို့လိုအပ်ပါမယ်။

 

ပထမဆုံး ငါးရံ့အူကို သန့်စင်အောင်ရေဆေးကြောပေးထားပါ။ ငါးရံ့အူကြီးနေမယ်ဆိုရင် နှစ်ပိုင်း၊ သုံးပိုင်း ပိုင်းပေးပါ။ ပြီးလျှင် ငံပြာရည်၊ ဟင်းခတ်မှုန့်တို့နှင့် နယ်ထားပေးပါ။



ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ခြောက်တောင့်တို့ကို ညက်နေအောင်ရောကြိတ်ထားပါ။ ပြီးလျှင် ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။

 

ပြီးနောက် ဒယ်အိုးတစ်လုံးမှာ ဆီ ထည့်၊ ညက်နေအောင်ကြိတ်ထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ခြောက်တောင့်တို့ကိုထည့်ပြီးလျှင် နနွင်းမှုန့်၊ အရောင်တင်မှုန့်တို့နှင့်အတူ ခရမ်းချဉ်သီးပါ ရောထည့်လိုက်ပါ။



ပြီးလျှင် ငါးရံ့အူကို မီးအေးအေးတွင် ရေခမ်းပြီး ဆီပြန်လာသည်အထိချက်ထားပေးပါ။ ဆီပြန်အနှစ်ရလာပြီဆိုမှ နယ်ထားတဲ့ ငါးရံ့အူတွေထည့် ဆီပြန်လာပြီး နူးပြီးဆိုရင် နံနံပင်ကို အပေါ်မှ အုပ်ပြီးလျှင် မီးဖိုပေါ်မှချ၍ ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ အသင့် သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:17
Rate this item
(1 Vote)