Myanmar
မုန့်သိုင်းခြုံ
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ပွဲဈေးတန်းမှသာ တွေ့ရလေ့ရှိပြီး
အိမ်တွင်လည်း ပြုလုပ်နိုင်သည့် မုန့်သိုင်းခြုံပြုလုပ်နည်းကို တင်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ဂျုံမှုန့်၊ ကြက်ဥ၊ ထောပတ်၊ ဆီတို့ လိုအပ်ပါမယ်။
ဂျုံမှုန့်နှင့် ကြက်ဥကို ပန်းကန်လုံးထဲခွဲထည့် ဆားအနည်းငယ်နှင့် သမအောင်မွှေပေးပါ။ ပြီးနောက် နာရီဝက်ခန့် အဖုံးပိတ်ပြီး မုန့်သားတက်အောင် စောင့်ပေးပါ။
ပြီးလျှင် မကပ်တဲ့ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ပါ။ မုန့်ကို အ၀ိုင်းပုံစံလေးလုပ်ပြီး ဒယ်အိုးထဲထည့်ကြော်ပါ။ တစ်ဖက်ကျက်ရင် နောက်တစ်ဖက်လှန်ပြီး ကြော်ပါ။
နှစ်ဖက်စလုံးကျက်ပြီဆိုရင်တော့ အရသာရှိတဲ့ မုန့်သိုင်းခြုံကို သကြားဖြူးပြီး အသင့်သုံးဆောင်နိုင်ပါပြီ။