Myanmar



မန္တလေး ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

14 8 2023

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနုန်းများမှာ

● မတ်ပဲမှာ ရန်ကုန်ဝယ်လက် ပုံမှန်ရှိခြင်း၊ အသစ်မဝင်သေးခြင်း ပဲခွဲစက်များ အဝယ်ပုံမှန်ရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ယခင်အပတ် ၃တင်းတစ်အိတ် ၂၃၀၀၀၀ကျပ်မှ ၂၄၀၀၀၀ကျပ်သို့ ဈေးမြင့် သွားသည်။

● ပဲတီစိမ်း (အညာ) မှာ ပဲခွဲစက်များပုံမှန်ဝယ်ယူခြင်း၊ တရုတ်ဝယ်လက်မှာ အရည်သွေးပေါ် ဈေးပေးဝယ်ယူခြင်း၊ မိုးပဲဝင်ချိန်နီးခြင်းကြောင့် ၃တင်းအိတ် တစ်အိတ်၁၅၀၀၀၀ ကျပ်မှ ၁၇၀၀၀၀ ကျပ်ထိဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

ပဲစဉ်းငုံ (ဖြူ/နီ) မှာ ရန်ကုန်ဝယ်လက်အနည်းငယ်ရှိခြင်း စိုက်ပျိုးထားဆဲဖြစ်၍ လှောင်သမား ထံမှဝယ်ရခြင်းကြောင့်
● ပဲစဉ်းငုံ (နီ) ၃တင်းတစ်အိတ် ၃၀၀၀၀၀ကျပ်
● ပဲစဉ်းငုံ (ဖြူ) ၂၆၀၀၀၀ ကျပ်မှ ၂၇၀၀၀၀ ကျပ်
ဈေးအသီးအသီးမြင့်သွားသည်။



● ပဲပုတ် (ရှမ်း/မြန်မာ)တို့မှာ ဆောင်းပဲအဝင်နည်း၊ လက်ကျန်နည်းခြင်း၊ မိုးပဲဝင်ချိန်နီးခြင်း၊ လုပ်ငန်းသမားပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် ၃တင်းတစ်အိပ်လျှင်၂၁၀၀၀၀ ကျပ်မှ ၂၁၃၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်နေပြီး
ပဲပုတ်ရှမ်းမှာ ဆီဝက်သမားအဝယ်ရှိခြင်းကြောင့် မိုးပဲဝင်ချိန်နီးသော်လည်း
● မိုးမိတ် ပဲပုတ် ၃တင်း ၁၆၅၀၀၀ကျပ်
● မိုးညှင်းပဲပုတ် ၁၆၈၀၀၀ ကျပ်ဖြင့်
ဈေးတည်ငြိမ်နေသည်။

ကုလားပဲဈေးနှုန်းအနေဖြင့်
● ကုလားပဲ (ထုဖြူကြီး)မှာ ပဲကြော်၊ လှော်လုပ်ငန်းသမား အဝယ်နည်းသော်လည်း ပစ္စည်းရှားခြင်းကြောင့် ၃တင်းတစ်အိတ် ၂၆၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး
● ကုလားပဲ(ထိုင်ဝမ်)မှာ ခွဲစက်သမားအဝယ်ရှိခြင်း ပစ္စည်းရှားခြင်းကြောင့် ၃တင်းတစ်အိတ် ၂၅၄၀၀၀ကျပ်၊ ခွဲခြမ်း တစ်ပိဿာ ၆၂၅၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲယင်း၊ စားတော်ပဲ၊ ပဲလွန်းဖြူ၊ ပဲလွန်းပြာတို့မှာ အသစ်မဝင်သေးခြင်း၊ ပစ္စည်းရှားခြင်းကြောင့် လက်လီနှင့် စက်သမားအဝယ်နည်းသော်လည်း
● ပဲယင်း ၃တင်းတစ်အိတ် ၁၆၅၀၀၀ ကျပ်
● စားတော်ပဲ (ကျွန်း) ၃၉၀၀၀၀ မှ ၄၁၀၀၀၀ ကျပ်၊
● ပဲလွန်းဖြူ ၁၆၅၀၀၀ ကျပ်၊
● ပဲလွန်းပြာ ၁၆၅၀၀၀ ကျပ်ဖြင့်
ဈေးတည်ငြိမ်နေသည်။

မြေတောက်ပဲနှင့် ပဲကြီး (ကြီး) ၊ ထောပတ်ပဲ (ကြီး/သေး) တို့မှာ
● မြေတောက်ပဲသည် အဝင်နည်းခြင်း၊ လက်ကျန်နည်းခြင်း ပစ္စည်း ရှားခြင်းတို့ကြောင့် ၃တင်းတစ်အိတ် ၃၄၅၀၀၀ ကျပ်ဖြင့်ဈေးတည်ငြိမ်နေသည်၊ ပဲကြီး (ကြီး) ထောပတ်ပဲ (ကြီး/သေး) တို့မှာ လုပ်ငန်းသုံးသမားအဝယ်ပုံမှန်ရှိခြင်း၊ မိုးပဲမဝင်သေးခြင်း တရုတ်ဝယ်လက်ရှိခြင်းကြောင့်
● ပဲကြီး (ကြီး) သုံတင်းတစ်အိတ် ယခင်အပတ် ၂၉၅၀၀၀ ကျပ်မှ ၃၀၀၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး
● ထောပတ်ပဲ ယခင်အပတ် ၃၄၀၀၀၀ ကျပ်မှ ၃၆၀၀၀၀ ကျပ်သို့ လည်းကောင်း
● ထောပတ်ပဲ (သေး) မှာ ၃၃၀၀၀၀ကျပ်မှ ၃၄၀၀၀၀ ကျပ်သို့
ဈေးသိသိသာသာမြင့်သွားသည်။

 

 

 

 

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Tuesday, 15 August 2023 11:02
Rate this item
(0 votes)