Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးသလောက်ဆီပြန်ဟင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ထမင်းစားမြိန်စေမည့်

ငါးသလောက်ဆီပြန်ဟင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ငါးသလောက်၊ ဆား၊ ကြက်သွန်နီ၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ နနွင်းမှုန့်၊ ဆီ၊ နံနံပင်၊ စိမ်းစားငပိ၊ ငရုတ်ပွခြောက် တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ငါးသလောက်ကို ရေဆေးသန့်စင်ပြီးအနေတော်အတုံးတွေဖြစ်အောင် ပိုင်းဖြတ်ထားရပါမယ်။

 

စိတ်တိုင်းကျအတုံးကလေးတွေတုံးပြီးရင် ဆား၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ စိမ်းစားငပိ၊ ငံပြာရည်တို့နှင့် နပ်ထားပေးပါ။

 

ပြီးလျှင် ငရုတ်သီး၊ ကြက်သွန်တို့ကို ညက်နေအောင် ကြိတ်ပေးထားပါ။

 

ဟင်းချက်မည့်ဒယ်အိုးထဲသို့ ငါးသလောက်တွေကို ထည့်ပါ။ ပြီးလျှင် ကြိတ်ထားတဲ့ ငရုတ်သီး၊ ကြက်သွန်နီတို့ကို ထည့်လိုက်ပါ။ ပြီးလျှင် ဆီထည့်ပါ။ ရေကိုတော့ အသားမြှုပ်အောင်ထည့်ပြီး အဖုံးအုပ်၍ တည်ထားပေးရပါမယ်။

 

ရေခမ်းလို့ ဆီပြန်လာလျှင် ဟင်းကို မမွှေပါနှင့် အိုးကိုလှုပ်ပေးရုံသက်သက်ပဲလုပ်ပါ။ ငါးမနူးရင်ရေထပ်ထည့်ပြီး တည်ပေးပါ။ ငါးနူးလို့ ဆီပြန်လာလျှင် နံနံပင်လေးအုပ်ပြီး မီးဖိုပေါ်မှ ချနိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:41
Rate this item
(1 Vote)