Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


လျှာလည်သွားစေမယ့် ဆိတ်လက်ဖက်ထောင်း

အစားတစ်လိုင်းတွေအတွက်ကတော့ အသစ်အဆန်းတွေကိုမှ မျှော်လင့်နေသူများအတွက် ပုံမှန်စားနေကျအစားအစာတွေထက်ကိုမှ စားချင်သူများအတွက်

“ဆိတ်လက်ဖက်ထောင်း”လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ဆိတ်သား၊ လက်ဖက်၊ ဆီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆား၊ ကြက်သားမှုန့်၊ သံပရာသီး တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဆိတ်သားကို ရေဆေးသန့်စင်ပြီး နေလှန်းပေးထားပါ။ ပြီးလျှင် ဆိတ်သားကို မွမွလေးဖြစ်အောင် မီးကင်ပေးပါ။ Oven ထဲထည့်ကင်ရင်အဆင်ပြေသလို မီးသွေးမီးဖိုနဲ့ဆိုရင်လည်း ငရုတ်ကျည်ပွေ့လေးနဲ့ ထုထုပြီးကင်ပေးပါ။

 

ပြီးနောက် လက်ဖက်အညွန့်ကို ဆားအနည်းငယ်ထည့် ရေနွေးစိမ်၊ နယ်ပြီး ရေစစ်သွားအောင်ရေပြန်ညှစ်ချကာ အခါးဓာတ်လျော့သွားအောင် ပြုလုပ်ပေးပါ။

 

ပြီးရင်တော့ ငရုတ်ဆုံထဲမှာ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကိုထောင်းထားပြီး ရေစစ်ထားတဲ့လက်ဖက်၊ ကြက်သားမှုန့်တို့နဲ့ရောထောင်းပေးပါ။

 

ပြီးနောက် အရသာအပေါ့အငံလေးမြည်းကြည့်ပြီး ဆိတ်သားကင်ကို အနေတော်အရွယ်လေးတွေမွထားပြီး ငရုတ်ဆုံထဲမှာရောထည့်ထောင်းပါ။

 

ပြီးလျှင် စိတ်တိုင်းကျတဲ့အနေအထားလောက်ရရင်တော့ ပန်းကန်တစ်ခုထဲထည့်ပြီး သံပရာရည်နဲ့ ဆီအနည်းငယ်ထည့်ပြီး သမအောင်မွှေပေးပါ။

 

နောက်ဆုံးမှာတော့ ဆိမ့်ဆိမ့်မွှေးမွှေးလေးနဲ့ လျှာလည်စေမယ့် ဆိတ်လက်ဖက်ထောင်းအရသာလေးကို ရေနွေးလေးနဲ့ ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာသုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(1 Vote)