Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ချဉ်စပ်အရသာ ဆိတ်အူကြမ်းစွပ်ပြုတ်

Unicode

ချဉ်စပ်အရသာ ဆိတ်အူကြမ်းစွပ်ပြုတ်


ခံတွင်းမတွေ့သူများအတွက် လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ချဉ်စပ်အရသာ ဆိတ်အူစွပ်ပြုတ်လေး လုပ်သောက်ဖို့အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ဆိတ်အူကြမ်း၊ ကြက်သွန်ဖြူ၊ ချင်း၊ စပါးလင်၊ ပတဲကော၊ နနွင်းမှုန့်၊ ဆား၊ ရှောက်ရွက်၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအကျက်မှုန့်၊ ဂေါ်ဖီ၊ သံပရာသီး၊ ပဲမှုန့်အကျက်မှုန့်၊ သကြား၊ ဟင်းခတ်မှုန့်၊ ဆီချက် တို့လိုအပ်ပါမယ်။


ပထမဦးဆုံး ဆိတ်အူကြမ်းကို ထုံးရည်ကြည်နဲ့စိမ်ပြီး နှစ်ရည်လောက်ဆေးကြောပါ။

 

Read More >>>>> အောင်မဲညိုပွင့်၏ အကျိုးကျေးဇူးများ


ပြီးလျှင် ရေနွေးပွက်ပွက်ဆူထဲ ၃မိနစ်လောက်ထည့်ရေနွေးဖျောလိုက်ပါ။ ထုံးဓာတ်ကုန်သွားအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။


ပြီးနောက် ဆိတ်အူကြမ်းကိုဆယ်ပြီး ရေအေးလောင်း၍ ရေစစ်ထားပါ။


ပြီးလျှင် ကြက်သွန်ဖြူကို အခွံနွှာပြီး ရေဆေးထားပါ။  ချင်းကို မညက်တညက်ထောင်းထားပါ။


ပြီးနောက် စပါးလင်ကိုထုပြီး စည်းပေးထားပါ။ ပတဲကောကိုလည်း ပါးပါးလှီးထားပါ။


ပြီးလျှင် ရေပွက်ပွက်ဆူနေသော အိုးထဲသို့ ဆိတ်အူကြမ်းကိုထည့် ကြက်သွန်ဖြူ၊ စပါးလင်၊ ပတဲကော၊ နနွင်းမှုန့်အနည်းငယ်၊ ဆား၊ ဟင်းခတ်မှုန့်၊ သကြား တို့ကိုထည့်
နနွင်းမှုန့်အနည်းငယ်၊ ဆီအနည်းငယ်ထည့်ပြီး အနည်းဆုံး ၂ နာရီကျော်ကြာအောင် မီးပြင်းပြင်းဖြင့် တည်ပေးထားပါ။


ပြီးရင် အရည်လေးလဲနောက်လာပြီး နူးပြီဆိုရင်တော့ ဆိတ်အူကြမ်းပြုတ်ကိုရပါပြီ။

 

Alcohol (177)အရက်ချက်လုပ်ငန်းများ (၁၇၇) ခုကိုရှာရန်နှိပ်ပါ။


ပြီးနောက် ဆိတ်အူကြမ်း ပြုတ်ထားတာကိုဆယ်၍ ညှပ်ပြီး ရှောက်ရွက်နိုင်နိုင်၊ ဆီချက်မွှေးမွှေး၊ ပဲမှုန့်၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအကျက်မှုန့်၊ ဂေါ်ဖီကိုခပ်ပါးပါးလှီး၊ သံပရာသီးကို အရည်ညှစ် ပဲကျက်မှုန့်နဲ့ ချဉ်ချဉ်ငံငံစပ်စပ်သုပ်ရင်လည်း စားကောင်းပါတယ်။


ဆိတ်အူပြုတ်အတွတ်တော့ ရှောက်ရွက်ကို  ပါးပါးလေးလှီးထည့်၊ သံပရာရည်ထည့်၊ ငရုတ်သီးစိမ်းလှီးထည့်၊ ငရုတ်သီးအကျက်မှုန့်ထည့်ပြီးရင်တော့ ပူစပ်အရသာရှိတဲ့ ဆိတ်အူစွပ်ပြုတ်ကို  သုံးဆောင်နိုင်ပါတယ်။


Myanmar Food Industry Directory

 

 


 


 




 


 


 


 


 


 

Alcohol (177)အရက်ချက်လုပ်ငန်းများ (၁၇၇) ခုကိုရှာရန်နှိပ်ပါ။

 


 




 


 


Read times Last modified on Saturday, 22 February 2020 09:13
Rate this item
(0 votes)