Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကချင်ငါးပေါင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ မိသားစုဆုံတုန်းလေး ထမင်းမြိန်စေမည့်

ကချင်ငါးပေါင်း ပြုလုပ်နည်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်သည့်အမယ်များကတော့ ငါး၊ ဖက်ဖယ်ရွက်၊ နံနံပင်၊ ရှမ်းနံနံ၊ ပင်စိမ်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆား၊ ဆီ၊ ဟင်းခတ်မှုန့်၊ ပဒဲကောမှုန့် တို့ လိုအပ်ပါတယ်။

 

ပထမဆုံး ငါးကို အကြေးခွံထွင်၊ ဗိုက်ဖောက်ပြီး ရေဖြင့် စင်ကြယ်အောင် ဆေးကြောထားပါ။ ပြီးလျှင် ဆားနှင့် ဟင်းခတ်မှုန့်တို့နယ်ထားပြီး နှပ်ထားပေးပါ။

 

ပြီးနောက် အရွက်များဖြစ်သည့် ဖက်ဖယ်ရွက်၊ နံနံပင်၊ ရှမ်းနံနံ၊ ပင်စိမ်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ကို စက်ဖြင့် ကြိတ်ထားပါ။ အစပ်ကြိုက်သူများအတွက် ငရုတ်သီးစိမ်းကို ပိုထည့်ပေးပါ။

 

ပြီးလျှင် ဇလုံတစ်လုံးထဲသို့ထည့်ပြီး ဆား၊ ပဒဲကောမှုန့်း၊ ဆီ၊ ဟင်းခတ်မှုန့်၊ သံပရာရည်တို့ အားလုံးကိုလည်း ဇလုံထဲသို့ ရောထည့်မွှေပေးထားပါ။ အနှစ်များလေ ငါးပေါင်းက အရသာပိုရှိလေဖြစ်ပါတယ်။

 

ခဲပတ်ခင်းပြီး ငါးဗိုက်ထဲကိုရော ငါးအောက်ဘက်အပေါ်ဘက်ကိုပါ အနှစ်များအပြည့်တင်ထားပေးပါ။ ပြီးနောက် ခဲပတ်ကို လုံအောင်ပြန်ပိတ်ထားပါ။

 

ပေါင်းအိုးမရှိရှိလျှင် အိုးတစ်လုံးထဲရေဖြည့်ပြီး အပေါ်က ပေါင်းအိုးလိုမျိုးအပေါ်ကို ငါးတင်ပြီး အချိန်တစ်နာရီခန့် မီးပြင်းပြင်းနှင့်ပေါင်းပေးထားပါ။

 

ပြီးလျှင်တော့ အရသာရှိတဲ့ ကချင်ငါးပေါင်းကို ထမင်းပူပူလေးနှင့် မြိန်ရေယှက်ရေ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Monday, 17 September 2018 13:40
Rate this item
(1 Vote)