Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


နို့ခဲ ငရုတ်ပွကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ လွယ်လင့်တကူ ချက်ပြုတ်စားသောက်နိုင်တဲ့

နို့ခဲ ငရုတ်ပွကြော် နည်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ နို့ခဲ၊ ငရုတ်ပွ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီ တို့လိုအပ်ပါမယ်။

 

ပထမဆုံး နို့ခဲကို အတုံးကလေးများဖြစ်အောင်တုံးထားပါ။ ပြီးလျှင် ဒယ်အိုးထဲဆီထည့်ပြီး ကြက်သွန်ဖြူကို ဆီသတ်ပေးပါ။

 

ပြီးနောက် ကြက်သွန်နီထည့်မွှေပေးပြီး တုံးထားသော နို့ခဲများကို ထည့်လိုက်ပါ။

 

မီးကို အနည်းငယ်မြှင့်ပြီး ခရမ်းချဉ်သီးနှင့် ငရုတ်ပွကို ထည့်ပြီးမွှေပေးပါ။

 

ခရမ်းချဉ်သီးအရည်ထွက်လာလျှင် ရေအနည်းငယ်ထည့်၊ ဟင်းခတ်မှုန့်နှင့် ဆားကို ထည့်လိုက်ပါ။

 

ရေမခမ်းခင်အချိန်တွင် ငရုတ်ကောင်းထည့်မွှေပေးပြီးလျှင်တော့ အရသာရှိတဲ့ နို့ခဲ ငရုတ်ပွကြော်ကို အသင့်သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Monday, 17 September 2018 13:39
Rate this item
(3 votes)